စစ်ကိုင်း
-
ကိုရိုနာ ဗိုင်းရပ်စ်
ဗန်းမောက်မြို့နယ် ovid-19ရောဂါ ထိန်းချုပ်ရေး၊ ကြိုတင်တားဆီးကာကွယ်ရေး ၊ပြည်သူလူထုအသိပညာပေးရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်
(၃၀-၄-၂၀၂၀)ရက်နေ့ (၁၀၀၀)နာရီအချိန် မြို့တော်ခန်းမ၌ ဗန်းမောက်မြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊စာရေးဝန်ထမ်းများနှင့် covid-19ရောဂါ ထိန်းချုပ်ရေး၊ ကြိုတင်တားဆီးကာကွယ်ရေး ၊ပြည်သူလူထုအသိပညာပေးရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဝန်းသိုမြို့နယ်အဆင့် covid -19 ထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေးကော်မတီထံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်Volunteerစေတနာ့ ၀န်ထမ်းများမှ Cloth maskများ ချုပ်လုပ် လှူဒါန်း
၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၈ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင်ဝန်းသိုမြို့နယ်အဆင့် covid 19 ထိန်းချုပ်ရေးနှင့်တုံ့ပြန်ရေးကော်မတီထံသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့်Volunteerစေတနာ့ ၀န်ထမ်း များမှ ချုပ်လုပ် လှူဒါန်းသည့် Cloth masks များအား လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းများ ပေးအပ်ခဲ့ပါသည်။ အဆိုပါ Cloth masks များအား CBFQနှင့်လိုအပ်သည့်နေရာများတွင် ပြန်လည်လှူဒါန်းသွားမည် ဖြစ်ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ချောင်းဦးမြို့၊ အနော်ရထာခန်းမ၌ Dr. ပြည့်ဖြိုးမောင်မောင် ဦးဆောင်သောအဖွဲ့မှ PPEဝတ်စုံ၊ ဝတ်/ချွတ် နည်းနှင့် CBFQလူနာသယ်ဆောင်နည်းသင်တန်းပို့ချ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် (၂၈-၄-၂၀၂၀)ရက်နေ့တွင် ချောင်းဦးမြို့၊ အနော်ရထာခန်းမ၌ Dr. ပြည့်ဖြိုးမောင်မောင် ဦးဆောင်သောအဖွဲ့မှ PPEဝတ်စုံ၊ ဝတ်/ချွတ် နည်းနှင့် CBFQလူနာသယ်ဆောင်နည်းသင်တန်းပို့ချခဲ့ရာမြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ သင်တန်းသား(၃၀)ဦးတက်ရောက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဆင်ဖြူရှင်တံတားထိပ်တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် မကွေးတိုင်းဒေသကြီးဘက်မှဝင်ရောက်လာသည့်ခရီးသည်များအား Covid-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေး
ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးစံပြကျေးရွာ၊ ဆင်ဖြူရှင်တံတားထိပ်တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် မကွေးတိုင်းဒေသကြီးဘက်မှဝင်ရောက်လာသည့်ခရီးသည်များအား Covid-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ(၂၈-၄-၂၀၂၀)ရက်နေ့ ၊ (၀၆၀၀)နာရီအချိန်ထိ ကား(၁၅၃)စီး၊ လူဦးရေ (၄၁၅)ဦးအား စစ်ဆေးဆောင်ရွက်နိုင်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဆားလင်းကြီးမြို့နယ်တွင် Covid-19 ရောဂါကာကွယ်နိုင်ရေးအတွက် ခရီးသွားပြည်သူများအား ကိုယ်အပူချိန်တိုင်းတာ စစ်ဆေး
(၂၈-၄-၂၀၂၀)ရက်နေ့ ၀၇၀၀နာရီ အချိန်မှ ၀၉၀၀နာရီအချိန်အထိ ဆားလင်းကြီးမြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ ပခုက္ကူ-မုံရွာကားလမ်းပေါ် သွားလာနေသောပြည်သူ (၄၅၀)ဦးအားလည်းကောင်း၊ အမှတ်(၂)ရပ်ကွက် မြို့အဝင် ကားလမ်းပေါ် သွားလာနေသောပြည်သူ (၅၇၀)ဦးအားလည်းကောင်း၊ အမှတ်(၃)ရပ်ကွက် လေးထပ်ဘုန်းကြီးကျောင်းရှေ့၊ ဆားလင်းကြီး-ပေါင်းဝကားလမ်းပေါ် သွားလာနေသော ပြည်သူ (၄၁၀)ဦးအားလည်းကောင်း Covid -19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဆားလင်းကြီးမြို့နယ်အတွင်း COVID-19ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေး
ဆားလင်းကြီးမြို့နယ်အတွင်း COVID-19ကြိုတင်ကာကွယ်နိုင်ရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေး စစ်ဆေး
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ချောင်းဦးမြို့နယ် ဆင်ဖြူရှင်တံတားထိပ်တွင် မကွေးတိုင်းဒေသကြီးဘက်မှ ဝင်ရောက်လာသည့်ခရီးသည်များအား Covid-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေး
ချောင်းဦးမြို့နယ်၊ တောကျောင်းကြီးစံပြကျေးရွာ၊ ဆင်ဖြူရှင်တံတားထိပ်တွင် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် မကွေးတိုင်းဒေသကြီးဘက်မှ ဝင်ရောက်လာသည့်ခရီးသည်များအား Covid-19ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးဆောင်ရွက်မှုများပြုလုပ်ခဲ့ရာ (၂၇-၄-၂၀၂၀)ရက်နေ့ (၀၆၀၀)နာရီမှ (၁၈၀၀)နာရီအချိန်ထိ ကား(၂၃၂)စီး၊ လူဦးရေ (၄၀၃)ဦးအား စစ်ဆေး ဆောင်ရွက်နိုင်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
တရုတ်ပြည်မှပြန်လာသောပုဂ္ဂိုလ်များအား အထက ကျွန်းလှတွင် ကျန်းမာရေးအခြေအနေစစ်ဆေး
(၂၇.၄.၂၀၂၀)ရက်နေ့တွင် ကျွန်းလှမြို့နယ်အနေဖြင့် ကန့်ဘလူ-ကျွန်းလှ-ကောလင်း လမ်းမြို့အ၀င်နှင့် ကျွန်းလှဘူတာစသည့်နေရာများ၌ ကျန်းမာရေးအခြေအနေစစ်ဆေးခြင်း ၊ကျန်းမာရေးဌာန၊ စည်ပင် နှင့်စားသုံးသူရေးရာဌာနတို့သည် မြို့နယ်ရှိအလုပ်ရုံ/ စက်ရုံများအား သွားရောက်ကြည့်ရှု့စစ်ဆေးခြင်း ၊ စေတနာ့၀န်ထမ်း volenteer စာရင်းပြုစုခြင်းနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း၊ တရုတ်ပြည်မှပြန်လာသောပုဂ္ဂိုလ်များအား ကျွန်းလှမြို့သို့ ပြန်လည်ရောက်ရှိစေရေး စီမံဆောင်ရွက်ပြီး ရောက်ရှိချိန် အထက ကျွန်းလှတွင် ကျန်းမာရေးအခြေအနေစစ်ဆေးပေးခြင်း၊ ကျေးရွာများသို့ စနစ်တကျပြန်လည်ရောက်ရှိစေရေး စီမံဆောင်ရွက်ပေးခြင်း၊ ကျေးရွာသို့ ပြန်လည်ရောက်ရှိပါက Quarantine ထားရှိရန် ကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူးများအား လမ်းညွှန်မှာကြားခြင်းများဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကောလင်းမြို့ Community Based Facility Quarantine (CBFQ) ၌ လိုအပ်သည်များ စီစဥ်
၂၇.၄.၂၀၂၀ ရက်နေ့ ၁၅၀၀နာရီအချိန်တွင် ကောလင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းသည် ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်ရှိ Community Based Facility Quarantine (CBFQ)ထားရှိသည့် အလက(ခွဲ)မြောက်အင်းကျောင်းသို့သွားရောက်၍ လိုအပ်သည်များ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ရွှေဆံပင်ဆရာတော် ဘဒ္ဒန္ဒ ဝေပုလ္လမှ ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ Covid-19ရောဂါ ကာကွယ်ရေးအတွက် Mask(၁၀၀၀)ခု၊ လက်အိတ်အစုံ(၅၀၀)စုံ လှူဒါန်း
(၂၇-၄-၂၀၂၀)ရက်နေ့တွင် ရွှေဆံပင်ဆရာတော် ဘဒ္ဒန္ဒ ဝေပုလ္လမှ ချောင်းဦးမြို့နယ်ပြည်သူ့ဆေးရုံသို့ Covid-19ရောဂါ ကာကွယ်ရေးအတွက်၊ Mask(၁၀၀၀)ခု၊ လက်အိတ်အစုံ(၅၀၀)စုံ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးလှဦးမှ မြို့နယ်စည်ပင်သာယာရေးကော်မတီသို့ အဝတ်Mask(၁၀၀)ခုနှင့် Covid-19ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များအား (၁)ခုစီ လှူဒါန်းပေးအပ်ခဲ့ပါသည်။
Read More »