စစ်ကိုင်း
-
ကိုရိုနာ ဗိုင်းရပ်စ်
ချောင်းဦးမြို့နယ်၊ အမြင့်ကျေးလက်စျေးနှင့် စျေးဆိုင်များရှိ စျေးသည်/ စျေးဝယ်များ Mask တပ်ဆင်၍ စနစ်တကျ ရောင်းဝယ်စေ
(၂၅-၄-၂၀၂၀)ရက်နေ့တွင် ချောင်းဦးမြို့နယ်၊ အမြင့်ကျေးလက်စျေးနှင့်စျေးဆိုင်များရှိ စျေးသည် စျေးဝယ်များ Mask တပ်ဆင်စေခြင်း၊ လိုက်နာရမည့်စည်းကမ်းများပါရှိသည့်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ (၅)ရက် (၁)ကြိမ် ရောင်းဝယ်သည့် အမြင့်ပျံကျစျေးအား (၆ )ပေအကွာ ရောင်းဝယ်နိုင်ရေး စီမံဆောင်ရွက်ခြင်းတို့အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆန်း၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိနှင့်ကျေးရွာအုပ်ချုပ်ရေးမှူးတို့မှ ကြီးကြပ်ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဆားလင်းကြီးမြို့နယ်တွင် Covid- 19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေး
(၂၅-၄-၂၀၂၀)ရက်နေ့ ၀၇၀၀နာရီ အချိန်မှ ၀၉၃၀နာရီအချိန်အထိ ဆားလင်းကြီးမြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ပခုက္ကူ-မုံရွာကားလမ်းပေါ် သွားလာနေသောပြည်သူ (၄၃၂)ဦးအားလည်းကောင်း၊ အမှတ်(၂)ရပ်ကွက် မြို့အဝင် ကားလမ်းပေါ် သွားလာနေသောပြည်သူ (၆၂၆)ဦးအားလည်းကောင်း၊ အမှတ်(၃)ရပ်ကွက် လေးထပ်ဘုန်းကြီးကျောင်းရှေ့၊ ဆားလင်းကြီး-ပေါင်းဝကားလမ်းပေါ် သွားလာနေသော ပြည်သူ (၃၉၅)ဦးအားလည်းကောင်း Covid 19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မော်လိုက်မြို့၊ယာယီဈေး(ကမ်းနားဈေး)ရှိ ဈေးသည်များအား စည်ပင်ဝန်ထမ်းများမှ အဝတ်စဖြင့် ချုပ်ထားသည့် နှာခေါင်းစည်းMask များအား လိုက်လံပေးဝေ
၂၀၂၀ပြည့်နှစ် ဧပြီလ ၂၅ ရက်နေ့ နံနက်(၀၈၀၀)နာရီအချိန်တွင် မော်လိုက်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်သည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်၊မော်လိုက်မြို့နယ်အုပ်ချုပ် ရေးမှူး ဦးသက်မြင့်ဦး၊မြို့နယ်စည်ပင်သာယာ ရေးကော်မတီဥက္ကဌ၊အမှုဆောင်အရာရှိနှင့်စည်ပင်ဝန်ထမ်းများ၊ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ရေးဦးစီးဌာနဝန်ထမ်းများနှင့်အတူ မော်လိုက်မြို့၊ယာယီဈေး(ကမ်းနားဈေး)ရှိ ဈေးသည်များအား စည်ပင်ဝန်ထမ်းများမှ အဝတ်စဖြင့် ချုပ်ထားသည့် နှာခေါင်းစည်းMask များအား လိုက်လံပေးဝေခဲ့ကြပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဝန်းသိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်းနှင့် မြို့နယ်မီးသတ်ဦးစီးမှူးဦးေကျာ်မျိုးသူတို့သည် ဝန်းသိုမြို့နယ် ကျေးရွာစာသင်ကျောင်းများတွင် ဖွင့်လှစ်ထားသော CBFQများအား hand gel နှင့် Face Shieldများ ပေးအပ်
၂၀၂၀ရက်နေ့ ဧပြီလ ၂၄ရက် နေ့လယ် ၁၄၀၀နာရီအချိန် ဝန်းသိုမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနေမျိုးထွန်း၊မြို့နယ်မီးသတ်ဦးစီးမှူးဦးေကျာ်မျိုးသူတို့သည် ဝန်းသိုမြို့နယ် ကျေးရွာစာသင်ကျောင်းများတွင် ဖွင့်လှစ်ထားသော CBFQများ သို့ သွားရောက်ကြည့်ရှုအားပေးပြီး hand gel နှင့် Face Shieldများကိုမြို့နယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီကိုယ်စား ပေးအပ်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကောလင်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ သည် ဆင်ကုန်းအုပ်စု၊ ကျောက်ပုထိုးရွှေစက်ရုံတွင် Quarantineထားရှိမှုအား သွားရောက်ကြည့်ရှု
(၂၄.၄.၂၀၂၀)ရက်နေ့ ၁၁၀၀နာရီအချိန် ကောလင်းမြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းသည် အထက(ခန်သာ)သို့သွားရောက်၍ နိုင်ငံခြားပြန်များ Facility Quarantine ထားရှိပါက ဖြစ်ပေါ်လာမည့်အခက်အခဲများအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး ဆင်ကုန်းအုပ်စု၊ ကျောက်ပုထိုးရွှေစက်ရုံတွင် Quarantineထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ရေဦးမြို့နယ်Covid- 19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌဦးခင်မောင်မြင့်သည် အထက ၁ CBFQသို့သွားရောက်ပြီး ပြည်တွင်းပြန်စောင့်ကြည့်သူများအား ဆောင်ရန်၊ရှောင်ရန်များ ပြောကြား
ရေဦးမြို့နယ်Covid- 19ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌဦးခင်မောင်မြင့်သည် ၂၄-၄-၂၀၂၀ရက်နေ့ နံနက်ပိုင်းတွင် အထက ၁ CBFQသို့သွားရောက်ပြီး ပြည်တွင်းပြန်စောင့်ကြည့်သူများအား ဆောင်ရန်၊ရှောင်ရန်များ ပြောကြားပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဗန်းမောက်မြို့နယ်၊အုပ်ချုပ်ရေးမှူး ဦးအေးမင်းသည် စစ်ဆေးရေးဂိတ်များသို့ သွားရောက်၍ လုပ်ငန်းလိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်
ဗန်းမောက်မြို့နယ်၊အုပ်ချုပ်ရေးမှူး ဦးအေးမင်းသည် (၂၄-၄-၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီ အချိန်မှ(၁၆:၀၀)နာရီ အချိန်ထိ မြို့အဝင် စစ်ဆေးရေးဂိတ်၊ ကျေးရွာအလိုက် ဖွင့်လှစ်ထားရှိသော စစ်ဆေးရေးဂိတ်များသို့ သွားရောက်၍ အဝင်/အထွက်စာရင်းများ စနစ်တကျ မှတ်တမ်းထားရှိရေး၊ ကျန်းမာရေးစစ်ဆေးမှုများ စနစ်တကျဆောင်ရွက်ရေး မှာကြားခြင်း၊ လုပ်ငန်းလိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများပြုလုပ်ပေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
လေရှီးမြို့နယ်တွင် COVID -19ရောဂါကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးနှင့်ပတ်သက်၍ ညွှန်ကြားချက်များကို အများပြည်သူ လိုက်နာဆောင်ရွက်ရေးအတွက် နှိုးဆော်
(24.4.2020)ရက်နေ့ လေရှီးမြို့နယ်တွင် COVID -19ရောဂါကာကွယ် ထိန်းချုပ် တားဆီးရေးနှင့်ပတ်သက်၍ မြို့နယ်စီခန့်၊ မြို့နယ်အရေးပေါ်တုံ့ပြန်ရေးကော်မီ၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာချက်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ ညွှန်ကြားချက်များ၊ ဒေသန္တရအမိန့်များအား အများပြည်သူ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် အလေးထားပြီး လိုက်နာဆောင်ရွက်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့်နှိုးဆော် ဆောင်ရွက်လျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ပင်လည်ဘူးမြို့နယ်၊ ပင်လည်ဘူး-ဖောင်းပြင်သွားကားလမ်းမပေါ်ရှိ Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖွင့်လှစ်ထားသော တပ်ကုန်းကျန်းမာရေးစစ်ဆေးရေးဂိတ်အား သွားရောက်၍ ကြည့်ရှုစစ်ဆေး
၂၄-၄-၂၀၂၀ရက်နေ့၊ ၁၃၀၀ အချိန်တွင်မြို့နယ်စီ/ခန့်ဥက္ကဌဦးခိုင်လင်းနိုင်နှင့်စီခန့်အဖွဲ့၀င်များ မြို့နယ်ဆရာဝန်ကြီးတို့သည် ပင်လည်ဘူးမြို့နယ်၊ မိုးကောင်းရပ်ကွက်ရှိ COVID-19 ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်၍ တားဆီးကာကွယ်ကုသနိုင်ရေး အတွက် Community Based Facility Quarantine Centre ဖွင့်လှစ်ထားသော မြို့မ(၁)အ.လ.ကစာသင်ကျောင်းတွင် စောင့်ကြည့်နေရပ်ပြန်များနှင့်တွေ့ဆုံကာ ကျန်းမာရေးစစ်ဆေးပေးမှု၊ စနစ်တကျနေထိုင်ရေးစီစဥ်ဆောင်ရွက်ထားရှိမှု တို့အား ကြည့်ရှုစစ်ဆေးခဲ့၍ ၁၄၃၀ အချိန်တွင် ပင်လည်ဘူးမြို့နယ်၊ ပင်လည်ဘူး-ဖောင်းပြင်သွားကားလမ်းမပေါ်ရှိ တပ်ကုန်းကျေးရွာတွင် Covid-19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဖွင့်လှစ်ထားသော တပ်ကုန်းကျန်းမာရေးစစ်ဆေးရေးဂိတ်အား သွားရောက်၍ ကျန်းမာရေးစစ်ဆေးမှုများနှင့် အမည်စာရင်းများ ပြုစုထားရှိမှုများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကျွန်းလှ မြို့နယ်ရေးပေါ်တုံ့ပြန်ကော်မတီအနေဖြင့် covid -19နှင့်ပတ်သတ်၍ ပိုစတာများ၊လက်ကမ်းစာစောင်များအား သက်ဆိုင်ရာဌာနများသို့ ဖြန့်ဝေ
မြို့နယ်စီ/ခန့်ဥက္ကဌဦးသက်ထားမောင်၏စီမံမှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်မြို့နယ်ထွေ/အုပ်ဒုဦးစီးတို့ပါ၀င်သောလှည့်ကင်းအဖွဲ့သည်(၂၃.၄.၂၀၂၀)ရက်နေ့ည(၂၂၀၀)နာရီအချိန်မှစ၍မြို့အတွင်းလှည့်လည်စစ်ဆေးခြင်း၊ (၂၄.၄.၂၀၂၀)ရက်နေ့တွင် ကျွန်းလှမြို့နယ်အနေဖြင့် ကန့်ဘလူ-ကျွန်းလှ-ကောလင်းလမ်းမြို့အ၀င်နှင့် ကျွန်းလှဘူတာ၌ ကျန်းမာရေးအခြေအနေစစ်ဆေးခြင်း၊ မြို့နယ်စီ/ခန့်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့်စည်ပင်စျေးကော်မတီတို့သည် ကျွန်းလှမြို့၊ သစ်ရာမြိုင်ရပ်ကွက်ရှိရန်အောင်မင်္ဂလာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ယာယီစျေးဖွင့်လှစ်ရောင်းချမှုနှင့်ပတ်သတ်၍ စနစ်တကျရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြုလုပ်ခြင်း၊ မြို့နယ်ရေးပေါ်တုံ့ပြန်ကော်မတီအနေဖြင့် covid 19နှင့်ပတ်သတ်၍ ပိုစတာများ၊လက်ကမ်းစာစောင်များအား သက်ဆိုင်ရာဌာနများသို့ ဖြန့်ဝေပြီး သက်ဆိုင်ရာဌာနများမှတစ်ဆင့် ဆက်လက်ဖြန့်ဝေနိုင်ရေး လမ်းညွှန်မှာကြားခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More »