စစ်ကိုင်း
-
ကိုရိုနာ ဗိုင်းရပ်စ်
မော်လိုက်မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး၌ စည်ပင်ဝန်ထမ်းများမှ ဈေးသူဈေးသားများအတွက် အဝတ်စဖြင့် နှာခေါင်းစည်းMask များ ချုပ်လုပ်
၂၀၂၀ပြည့်နှစ် ဧပြီလ ၂၄ ရက်နေ့ နံနက်(၁၂၀၀)နာရီအချိန်တွင် မော်လိုက်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်သည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း၊ပြည်သူ့လွှတ်ေတာ်ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်နှင့်အတူ မော်လိုက်မြို့နယ်စည်ပင်သာယာရေးကော်မတီရုံး၌ စည်ပင်ဝန်ထမ်းများမှ ဈေးသူဈေးသားများအတွက် အဝတ်စဖြင့် နှာခေါင်းစည်းMask များ ချုပ်လုပ်နေမှုအားကြည့်ရှုအားပေးခဲ့ကြပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မော်လိုက်မြို့ ၊ မြို့အဝင်/အထွက်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်များတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ပရဟိတအဖွဲ့အစည်းများမှ ကျန်းမာရေးစစ်ဆေး
၂၀၂၀ပြည့်နှစ် ဧပြီလ ၂၄ ရက်နေ့ နံနက်(၁၀၃၀)နာရီအချိန်တွင် မော်လိုက်ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီလွင်သည် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်မောင်ဝင်း၊ပြည်သူ့လွှတ်ေတာ်ကိုယ်စားလှယ် ဒေါ်ချိုချိုဝင်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်မြင့်နှင့်အတူ မော်လိုက်မြို့ ၊ မြို့အဝင်/ထွက်ရှိ ကျန်းမာရေးစစ်ဆေးရေးဂိတ်များတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ပရဟိတအဖွဲ့အစည်းများမှ ကျန်းမာရေးစစ်ဆေးမှုလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မော်လိုက်မြို့နယ်တွင် covid-19 ရောဂါတားဆီးကာကွယ်ရေးအတွက် စျေးဝယ်/ရောင်းကြသူများအား ကျန်းမာရေးစစ်ဆေး
၂၄-၄-၂၀၂၀ရက်နေ့ မော်လိုက်မြို့နယ်တွင် covid-19 တားဆီးကာကွယ်ရေးအတွက် စျေးဝယ်/ရောင်းကြသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ mask စနစ်တကျတပ်ဆင်ဆောင်ရွက်စေပါသည်။ ထို့ပြင် မြို့နယ်စည်ပင်ရုံးတွင် ဌာနဆိုင်ရာဝန်ထမ်းများက စျေးသူ/သားကိုဖြန့်ဝေပေးရန် mask များချုပ်လုပ်ဆောင်ရွက်လျက်ရှိပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဆားလင်းကြီးမြို့နယ်တွင် Covid -19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေး
(၂၄-၄-၂၀၂၀)ရက်နေ့ ၀၇၀၀နာရီ အချိန်မှ ၀၉၃၀နာရီအချိန်အထိ ဆားလင်းကြီးမြို့၊ အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့ပခုက္ကူ-မုံရွာကားလမ်းပေါ် သွားလာနေသောပြည်သူ (၄၆၆)ဦးအားလည်းကောင်း၊ အမှတ်(၂)ရပ်ကွက် မြို့အဝင် ကားလမ်းပေါ် သွားလာနေသောပြည်သူ (၆၅၃)ဦးအားလည်းကောင်း၊ အမှတ်(၃)ရပ်ကွက် လေးထပ်ဘုန်းကြီးကျောင်းရှေ့၊ ဆားလင်းကြီး-ပေါင်းဝကားလမ်းပေါ် သွားလာနေသော ပြည်သူ (၄၁၀)ဦးအားလည်းကောင်း Covid- 19 ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဖောင်းပြင် မြို့နယ်အတွင်း COVID -19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်အား/ကာ ဘောလုံးကွင်းရှိ ယာယီဈေးတွင် ၆ ပေအကွာ စနစ်တကျဈေးရောင်းချစေရေးစစ်ဆေး
၂၄-၄-၂၀၂၀ ရက်နေ့၊ ၀၇၃၀နာရီအချိန်တွင် ဖောင်းပြင်မြို့နယ်အုပ်ချုပ်ရေးမှူးဦးခင်မောင်မြင့်သည် မြို့နယ်အတွင်း COVID -19 ရောဂါကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်ထားရှိသော မြို့နယ်အား/ကာဘောလုံးကွင်းရှိ ယာယီဈေးတွင် ၆ ပေအကွာ စနစ်တကျဈေးရောင်းချစေရေးနှင့် ဈေးရောင်းချသူများနှင့် ဈေးဝယ်လာရောက်သူများအား mask များ စနစ်တကျတပ်ဆင်ထားမှုအား ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကလေးမြို့ ဗိုလ်ချုပ်ကျောက်တိုင်ကွင်းတွင် စိမ်းလန်းစျေးရောင်းချနေမှုများအား စစ်ဆေး
ကလေးမြို့ ဗိုလ်ချုပ်ကျောက်တိုင်ကွင်းတွင် စည်ပင်သာယာဦးစီးဌာနမှ ကြီးကြပ်၍ စိမ်းလန်းစျေးရောင်းချနေမှုများ ၊စျေးသူ/သားများ စျေးဝယ်လာပြည်သူများ အပူချိန်တိုင်းတာခြင်း ၊Mask တပ်ဆင်ထားခြင်း ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှထုတ်ပြန်ထားသောစည်းကမ်းချက်များနှင့်အညီရောင်းချကြရန် ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ချို ၊ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ရှားမီး ၊တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သန့်ဝေကျော် အဖွဲ့သည် ယနေ့ညနေပိုင်းတွင်သွားရောက်စစ်ဆေးပြီး Mask တပ်ဆင်ကြရန်နှင့် ၆ပေကွာ စည်းကမ်းတကျရောင်းချကြရန်မှာကြားခဲ့သည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးသည် Hospital quarantine ထားရှိမည့် ကလေးတက္ကသိုလ် သို့သွားရောက်ကြည့်ရှုစစ်ဆေး
၂၃-၄-၂၀၂၀ရက်နေ့တွင် ကလေးမြို့နယ်အုပ်ချုပ်ရေးမှူးသည် Hospital quarantine ထားရှိမည့် ကလေးတက္ကသိုလ် သို့သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်၍ ချင်းပြည်နယ်နယ်စပ်ဂိတ်ဖြစ်သည့် ၉မိုင်စုပေါင်းဂိတ် များအားသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ယင်းမာပင်မြို့ အဝင် မုံရွာ-ပုလဲ-ဂန့်ဂေါသွားလမ်း ခရီးသွားယာဥ်များအား စိစစ်၍ ခရီးသည်များအား အပူချိန်တိုင်း တာ
(၂၃.၄.၂၀၂၀)ရက်နေ့ နံနက် ၀၆ ၀၀ မှ ၁၀ ၀၀ နာရီ အချိန်အထိ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ အဝင် မုံရွာ-ပုလဲ-ဂန့်ဂေါသွားလမ်း ခရီးသွားယာဥ်များအား စိစစ်၍ ခရီးသည်များအား အပူချိန်တိုင်း တာခြင်း၊ covid-19 ရောဂါကာကွယ်ရေး ပညာပေးခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းအား မြို့နယ်အဆင့်တာဝန်ကျဌာနဆိုင်ရာများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
မြောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၈၆)ရွာတွင် ကျေးရွာတစ်ရွာလျှင် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း(Masks)(၁၀၀)ခုစီနှင့် ပိုးသတ်ဆေးရည်(၂)ဗူးစီ ထောက်ပံ့
မြောင်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ အစီအစဉ်ဖြင့် မြောင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ (၈၆)ရွာတွင် ကျေးရွာတစ်ရွာလျှင် ရောဂါကာကွယ်ရေးအထောက်အကူပြုပစ္စည်းများဖြစ်သည့် နှာခေါင်းစည်း(Masks)(၁၀၀)ခုစီနှင့် ပိုးသတ်ဆေးရည်(၂)ဗူးစီအား ထောက်ပံ့ပေးလျက်ရှိရာ (၂၂-၄-၂၀၂၀)ရက်နေ့တွင်(၁၅)ရွာ၊(၂၃-၄-၂၀၂၀)ရက်နေ့တွင်(၂၀)ရွာ၊ ယနေ့အထိ စုစုပေါင်း(၃၅)ရွာအား ထောက်ပံ့ပေးအပ် ပြီးစီးခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ဘုတလင်မြို့နယ်၊ မြို့ဝင်/မြို့ထွက် မုံရွာ-ရေဉီးကားလမ်းတွင် မြို့နယ်သို့ ပြန်လာကြသူများအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေး
(23.4.2020)ရက်နေ့ ဘုတလင်မြို့နယ်၊ မြို့ဝင်/မြို့ထွက် မုံရွာ-ရေဉီးကားလမ်းတွင် ထွေ/အုပ်၊ ရဲ၊ လဝက၊ ကျန်းမာရေးဌာနတို့ ပူးပေါင်းပြီး မြို့နယ်အသီးသီးမှ ဘုတလင်မြို့နယ်သို့ ပြန်လာကြသူများအား ကိုယ်အပူချိန်တိုင်းတာစစ်ဆေးခဲ့ပါသည်။
Read More »