တနင်္သာရီ
-
ကိုရိုနာ ဗိုင်းရပ်စ်
ကော့သောင်းခရိုင်အတွင်း နိုင်ငံတော်မှထောက်ပံ့သော ဆန်၊ဆီ၊ကြက်သွန်၊ကုလားပဲ၊ဆားတို့အား ဘုရင့်နောင်ရပ်ကွက်နေ လက်လုပ်လက်စားပြည်သူများအား ဖြန့်ဝေခြင်း
၁၀.၄.၂၀၂၀ရက်နေ့ ညနေ၄နာရီအချိန်မှစ၍ ကော့သောင်းခရိုင်အတွင်း နိုင်ငံတော်မှထောက်ပံ့သော ဆန်၊ဆီ၊ကြက်သွန်၊ကုလားပဲ၊ဆားတို့အား ဘုရင့်နောင်ရပ်ကွက်နေ လက်လုပ်လက်စားပြည်သူများအား ဖြန့်ဝေခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
ရေဖြူမြို့နယ် Covid-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းဆောင်ရွက်မှု
ရေဖြူမြို့နယ်အနေဖြင့်(10.4.2020)ရက်နေ့((0730)amတွင်(COVID 19)ရောဂါကာကွယ်၊ထိန်းချုပ်၊ရေးအတွက်ရေဖြူမြို့နယ်အထွေထွေအုပ်ရေးဦးစီးဌာ၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာန၊မြို့နယ်ကြက်ခြေနီတပ်ဖွဲ့၊ရေဖြူမြို့နယ်အုပ်ရေးမှူးရုံး(မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)ဒေသန္တရအမိန့်(၁/၂၀၂၀)၊ကူးစက်ရောာကာကွယ်နှိပ်နှင်းရေးဥပဒေကိုပြင်ဆင်သည့်ဥပဒေပါပြစ်မှု၊ပြစ်ဒဏ်များကြေညာခြင်း!ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနCOVID 19ရောဂါနှင့်ပတ်သက်သတ်၍အသိပေးကြေညာခြင်း၊Hand Gelဖြင့်လက်ဆေးခြင်း၊လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို(က)၊(ခ)ရပ်ကွက်၊သဗြေဇွန်း၊မင်းဒပ်၊ပုဂေါဇွန်း၊ရလိုင်၊သစ်တိုထောင့်၊ပိန်းရှောင်၊နတ်တွင်း၊ကျောက်ထောင့်၊ပုလဲကူကျေးရွာများတွင်ဆောင်ရွက်ခြင်း၊ဦးလှိုင်းမောင်မောင်(မြို့နယ်အုပ်ချုပ်ရေးမှူး)သည်မလွှဲတောင်စစ်ဆေးရေးဂိတ်သို့သွားရောက်ပြီး Thermometer တစ်လုံးခန့် လိုအပ်နေသည်ကို စိစစ် ွေ့ရှိရပါသဖြင့် ထပ်မံပေးအပ်ခဲ့ပါသည်။
Read More » -
ကိုရိုနာ ဗိုင်းရပ်စ်
သရက်ချောင်း မြို့နယ်အတွင်း Community Based Facility စောင့်ကြည့်ရေးစခန်းများ၌လိုအပ်သည့်maskများနှင့်လက်သန့်ဆေးရည်များအားပေးအပ်ခြင်း
ဧပြီ ၁၀ရက်နေ့ သရက်ချောင်းမြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ထိန်းချုပ်ကုသ ရေးလုပ်ငန်းကော်မတီအဖွဲ့ ဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းထွန်းဦးဆောင်သောကော်မတီအဖွဲ့ဝင်များသည် အဖွဲ့(၂)ဖွဲ့ခွဲကာ ယနေ့ နံနက်ပိုင်းက သရက်ချောင်းမြို့နယ်အတွင်း Community Based Facility Quarantineဆောင်ရွက်ထားသည့် ရပ်ကွက်/ကျေးရွာများနှင့်နီးစပ်ရာ ရပ်ကွက်/ကျေးရွာများ ရပ်ကျေး ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ကုသနိုင်ရေးကော်မတီများနှင့်သက်ဆိုင်ရာနေရာ များတွင် တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းထွန်း က ကိုဗစ်-၁၉ရောဂါအတွက် Community Based Facility Quarantineဆောင်ရွက်ထားသော နေရာများ၌ နေထိုင်သူ ပြည်သူများအား မိသားစုဝင်များနှင့်ခေတ္တခွဲထားပြီး ၁၄ရက်စောင့်ကြည့်ခြင်းသာဖြစ်ပြီး မိမိမှ တစ်ဆင့်မိသားစုဝင်များ၊အခြားသူများကူးစက်မှုမခံရအောင်ကာကွယ်ခြင်းဖြစ်ပါကြောင်း၊Facility Quarantineမှ ၁၄ရက်ပြည့်ပြီးအိမ်ပြန်ကြသောသူများကိုလည်းအပြင်သို့မလိုအပ်ဘဲမထွက်ကြရန် လိုကြောင်း၊လူစုလူဝေးရှောင်ရှားသင့်ကြောင်း၊တစ်ကိုယ်ရည်သန့်ရှင်းမှုကိုအထူးဂရုစိုက်ကြရန်လိုကြောင်း ကိုဗစ်-၁၉ရောဂါနှစ်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ညွှန်ကြားထားသည့်အတိုင်းလိုက်နာဆောင်ရွက်ကြရန်လိုကြောင်း အားပေးစကားပြောကြားခဲ့ပြီး အဆိုပါစောင့်ကြည့်ရေးစခန်းများ၌လိုအပ်သည့်maskများနှင့်လက်သန့်ဆေးရည်များအားပေးအပ်ခဲ့ပါသည်။
Read More »