Shown on Home Sliderအခြား/ဌာနဆိုင်ရာဓါတ်ပုံ

“အသွားအလာကန့်သတ်စောင့်ကြည့်ခံနေရသော ပြည်သူများအတွက် Quarantine Center များတွင် Sky Net စက်များ တပ်ဆင်ပေးသွားမည်ဖြစ်”

“အသွားအလာကန့်သတ်စောင့်ကြည့်ခံနေရသော ပြည်သူများအတွက် Quarantine Center များတွင် Sky Net စက်များ တပ်ဆင်ပေးသွားမည်ဖြစ်”

၂၀၂၀ ပြည့်နှစ်၊ ဇူလိုင်လ (၁၀) ရက်နေ့တွင် ရုံးအမှတ် (၄၁)၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ နေပြည်တော်၌ Quarantine Center များတွင် အသွားအလာကန့်သတ်စောင့်ကြည့်ခံနေရသော ပြည်သူများအနေဖြင့် ပြည်တွင်း၊ ပြည်ပ COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ တုံ့ပြန်နေမှုအခြေအနေများ၊ ပြည်တွင်း၊ ပြည်ပသတင်းများနှင့် Sky Net ရုပ်သံအစီအစဉ်များကို အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်ရန် ရည်ရွယ်၍ Sky Net စက်နှင့် အနီရောင် Package (၆)လစာဖြင့် Installation ပြုလုပ်ပြီးသော တန်ဖိုးငွေ (၆၇၀၅)သိန်းရှိ စက်အစုံ(၄၅၀၀)အား ရွှေသံလွင်မီဒီယာ ကုမ္ပဏီ လီမိတက်မှ လှူဒါန်းသည့် အခမ်းအနားပြုလုပ်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းမှ လက်ခံခဲ့ပြီးနောက် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့်အခန်းကဏ္ဍမှ တတ်စွမ်းသမျှ အကျိုးပြုပူးပေါင်းဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါသည်။
အဆိုပါ Sky Net စက်များအား နေပြည်တော်၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ Quarantine Center များ၌ Center အလိုက် အသုံးပြုနိုင်မည့် လူဦးရေအပေါ် မူတည်၍ ခွဲဝေတပ်ဆင်ပေးသွားမည်ဖြစ်ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close