Uncategorized

ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး လုပ်ငန်းစဉ် များနှင့် COVID-19 ကာလအတွင်း သတ်မှတ်စည်းကမ်းများနှင့်အညီ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များအပေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

“ဆန္ဒမဲပေးခွင့်ရှိသူအားလုံး မဲပေးခွင့်ရရှိစေရေးအတွက် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး လုပ်ငန်းစဉ် များနှင့် COVID-19 ကာလအတွင်း သတ်မှတ်စည်းကမ်းများနှင့်အညီ ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်များအပေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့”

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၉)ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ရုံးအမှတ် (၄၁)၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးလုပ်ငန်းစဉ်များ၊ COVID-19 ကာလအတွင်း သတ်မှတ် စည်းကမ်းများနှင့်အညီ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းစဉ်များအပေါ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပံ့ပိုးကူညီဆောင်ရွက်ရမည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူးများနှင့် ညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက COVID-19 ကာလအတွင်း သတ်မှတ်စည်းကမ်းများနှင့်အညီ ရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကော်မရှင်အဖွဲ့ခွဲအသီးသီးအနေဖြင့် သက်ဆိုင်ရာ ပြင်ဆင်မှုများ ဆောင်ရွက်ရာတွင် လိုအပ်သော အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို အလေးထားပူးပေါင်းဆောင်ရွက်ရန်နှင့် COVID-19 စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP)အရ အခြေခံလူတန်းစားအိမ်ထောင်စုများကို နိုင်ငံတော်က ထောက်ပံ့နေသည့် လုပ်ငန်းများအား ဂရုတစိုက် စနစ်တကျ သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် လက်အောက်ကို စနစ်တကျ ကွပ်ကဲကြပ်မတ်ရန် ကိစ္စတို့ကို အထူးအလေးထားမှာကြားခဲ့ပါသည်။
အစည်းအဝေးတွင်-
– တိုင်းဒေသကြီး/ပြည်နယ်များအလိုက် မဲဆန္ဒရှင်စာရင်း မှားယွင်းမှုများ၊ အချက်အလက် မပြည့်စုံမှု များနှင့်စပ်လျဉ်း၍ ဖြစ်ပွားရသည့် အကြောင်းရင်းများကိုလည်းကောင်း၊
– တွေ့ရှိချက်များအပေါ် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ အခြားတာဝန်ခံဝန်ကြီးဌာန များနှင့်အတူ ဖြေရှင်းနို်ငမည့် နည်းလမ်းများကိုလည်းကောင်း၊
– ကြုံလာနိုင်သည့် အခက်အခဲနှင့် စိန်ခေါ်မှုများကိုလည်းကောင်း၊ ပြန်လည်ဖြေရှင်းနိုင်မည့် နည်းလမ်းများကိုလည်းကောင်း တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးများမှ တင်ပြဆွေးနွေးခဲ့ကြပါသည်။
၄။ ထို့နောက် ပြည်ထောင်စုဝန်ကြီးက အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးလုပ်ငန်းစဉ်များ၊ COVID-19 ကာကွယ်၊ထိန်းချုပ်၊တုံ့ပြန်ရေးလုပ်ငန်းစဉ်များအား အလေးထားဆောင်ရွက်ကြရန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ပင်မလုပ်ငန်းများအပေါ် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ စနစ်တကျဆောင်ရွက်နိုင်ရေး လက်အောက်ဝန်ထမ်းအဆင့်ဆင့်ကိုလည်း ကြီးကြပ်ဆောင်ရွက်ရန်နှင့် မိမိတို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့် ဆက်ဆံရာတွင် ကောင်းမွန်ပြေပြစ်စွာ ပြောဆိုဆက်ဆံရန်နှင့် ပြည်သူများ၏ တင်ပြချက်များအပေါ် ပွင့်လင်းပြေပြစ်စွာ ရှင်းလင်းဖြေကြားသွားနိုင်ရေး လက်အောက်ဝန်ထမ်းအဆင့်ဆင့်ကို ကြီးကြပ်ဆောင်ရွက်သွားရန် မှာကြားခဲ့ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close