အခြား/ဌာနဆိုင်ရာ
“ရုံးစာအတု သတိပြုရန် အသိပေးကြေညာခြင်း”

“ရုံးစာအတု သတိပြုရန် အသိပေးကြေညာခြင်း”
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပြန်သည့် ညွှန်ကြားချက်အဖြစ် ရုံးစာ အတု (၁) စောင် ပျံ့နှံလျက်ရှိပါသည်။
လူမှုကွန်ရက်တွင် ပျံ့နှံ့နေသော ပူးတွဲပါ ညွှန်ကြားချက်မှာ ရုံးစာအတု ဖြစ်ကြောင်းနှင့် အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် ညွှန်ကြားချက်၊ အမိန့် တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်။