“ပြည်သူများမှ တိုင်ကြားလာသည့် ကိစ္စရပ်များအပေါ် စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိ”
“ပြည်သူများမှ တိုင်ကြားလာသည့် ကိစ္စရပ်များအပေါ် စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိ”
“ပြည်သူနှင့်အတူ ဟူသော ဆောင်ပုဒ်နှင့်အညီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို စံနမူနာပြ ဆောင်ရွက်နိုင်ရန်” မဟာဗျူဟာရည်မှန်းချက်ဖြင့် အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေး မူဘောင် (၂၀၁၉) ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုစနစ်ကျပြီး တုံံ့ပြန်မှုအားကောင်း မြန်ဆန်သော တိုင်ကြားစာစီမံခန့်ခွဲမှုစနစ်တစ်ရပ် ဖော်ဆောင်နိုင်ရေးကို မျှော်မှန်းရလဒ်တစ်ခုအနေဖြင့် ထည့်သွင်းကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။
ပြည်သူများ၏ နစ်နာမှု၊ တိုင်ကြားမှုများအား တိုက်ရိုက်လက်ခံဖြေရှင်းပေးနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ဝန်ကြီးရုံးတွင် သတင်း၊ သုတေသနနှင့် တိုင်ကြားစာဌာနခွဲကို ထည့်သွင်းဖွဲ့စည်းထားပြီး ပြည်သူများမှ တိုင်ကြားလာသည့် ကိစ္စရပ်များ၊ လွှတ်တော်ရေးရာ ကော်မတီများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် အခြားဝန်ကြီးဌာန/ အဖွဲ့အစည်းများမှ လွှဲပြောင်းပေးပို့လာသည့် ကိစ္စရပ်များအပေါ် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ သက်ဆိုင်ရာဌာနအဆင့်ဆင့်မှ စိစစ်၍ တွေ့ရှိသုံးသပ်ချက်များအပေါ် အရေးယူဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တိုင်ကြားသူများထံ စနစ်တကျ ပြန်လည်အကြောင်းပြန်ကြားပေးလျက်ရှိပါသည်။
နိုင်ငံတော်အစိုးရ၏ စတုတ္ထ(၁)နှစ်တာ ကာလအတွင်း လက်ခံရရှိခဲ့သည့် တိုင်ကြားစာများ အပေါ် ဖြေရှင်းပြီးစီးခဲ့မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(က) လက်ခံရရှိခဲ့သည့် တိုင်ကြားစာအရေအတွက် = (၂၇၀၉)စောင်
(ခ) ဆောင်ရွက်ပြီးစီးမှုအရေအတွက် = (၂၃၇၆)စောင်
(ဂ) ဆောင်ရွက်ဆဲအရေအတွက်= (၃၃၃)စောင်
(ဃ) ပြီးစီးမှုရာခိုင်နှုန်း = ၈၈ %