အခြား/ဌာနဆိုင်ရာ

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁)နှစ်တာကာလအတွင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် နိုင်ငံတော်အစိုးရ၏ စတုတ္ထ (၁)နှစ်တာကာလအတွင်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ အောက်ပါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်-
(က) မြေယာစီမံခန့်ခွဲခြင်းလုပ်ငန်း၊
(ခ) ယစ်မျိုးစီမံခန့်ခွဲခြင်းလုပ်ငန်း၊
(ဂ) အခွန် (၄)မျိုးကောက်ခံခြင်းလုပ်ငန်း၊
(ဃ) မြို့/ကျေးရွာများ စနစ်တကျဖွဲ့စည်းရေးလုပ်ငန်း၊
(င) ပြည်သူဗဟိုပြု ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ပိုမိုတိုးမြှင့်ဆောင်ရွက်နိုင်ရေး၊
(စ) အသင်းအဖွဲ့များအား ဥပဒေနှင့်အညီ စနစ်တကျဖွဲ့စည်းရေး၊
(ဆ) ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းလုပ်ငန်း၊
(ဇ) မရွှေ့မပြောင်းနိုင်သော ပစ္စည်းများလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေဆိုင်ရာ လုပ်ငန်း။
ထို့အတူ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် အခြားဝန်ကြီးဌာနမှ လွှဲအပ်သော လုပ်ငန်း တာဝန်များကိုလည်း ကော်မတီများစွာတွင် ပါဝင်ဖွဲ့စည်းမှုအရ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အဓိကအားဖြင့် စတုတ္ထတစ်နှစ်တာကာလအတွင်း-
(က) ၂၀၁၉ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းများ၊
(ခ) မွေးဖွားမှုနှင့် သေဆုံးမှုစာရင်းအချက်အလက်များ ကောက်ယူရေး လုပ်ငန်းများ၊
(ဂ) လူကုန်ကူးခံရသူများအား ပြန်လည်လွှဲပြောင်းလက်ခံခြင်း၊ မိဘရပ်ထံ ပြန်လည်အပ်နှံခြင်းလုပ်ငန်းများ၊
(ဃ) မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများ၊
(င) အရွယ်မရောက်သေးသူ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး လုပ်ငန်းများ၊
(စ) အလုပ်သမားအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊
(ဆ) နှစ်နိုင်ငံနယ်နိမိတ်ဆိုင်ရာကိစ္စရပ်များနှင့် နယ်နိမိတ်မှတ်တိုင်ထိန်းသိမ်းစောင့်ရှောက်ခြင်းလုပ်ငန်းများ၊
(ဇ) ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ယူရေးလုပ်ငန်းတွေမှာ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close