ဗီဒီယိုဖိုင်အခြား/ဌာနဆိုင်ရာ

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင်တာဝန်ထမ်းဆောင်ခဲ့ကြသော ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ကျေးဇူးတင်စကားပြောကြားခဲ့မှုအပေါ်် အင်တာဗျူးမေးမြန်းချက်

၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းပါဝင်တာဝန်ထမ်းဆောင်ခဲ့ကြသော ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများကို ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ကျေးဇူးတင်စကားပြောကြားခဲ့မှုအပေါ်် အင်တာဗျူးမေးမြန်းချက်
‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗‗
အောက်ပါ Link များတွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည် –
အင်တာဗျူးအပြည့်အစုံမှာ-
မေး။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများအား ကျေးဇူးတင်စကားပြောတာနဲ့ပတ်သက်ပြီး သိချင် ပါတယ်ရှင့်။
ဖြေ။ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့အတွက် ပြည်ထောင်စုဝန်ကြီးမှ ကျေးဇူးတင်စကား ပြောကြားခြင်းဖြစ်ပါတယ်။ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းတွေအနေနဲ့ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံ လူဦးရေစာရင်းကောက်ယူသည့် အချိန်မှစ၍ ဆန္ဒမဲပေးရသည့် အချိန်အထိ ပူးပေါင်းပါဝင် ဆောင်ရွက် ခဲ့ပါတယ်။ အခြေခံလူဦးရေအချက်အလက်စာရင်းပြုစုခြင်း၊ မဲဆန္ဒရှင် စာရင်းပြုစုခြင်း၊ ပိုမိုပြည့်စုံသည့် မဲဆန္ဒရှင်စာရင်း ပြင်ဆင်ဖြည့်စွက်ခြင်းများကို ဆောင်ရွက်ခဲ့ရပါတယ်။ ဒီလိုမျိုး ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်ရတာ ဖြစ်တဲ့အတွက်ကြောင့် လုံခြုံ‌ရေးနဲ့ အုပ်ချုပ်ရေး ကဏ္ဍတွေမှာလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြပါတယ်။
မေး။ ကိုဗစ်ကာလအတွင်း အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအနေဖြင့် မည်သည့်အခန်းကဏ္ဍမှ ပါဝင် ဆောင်ရွက်ရလဲဆိုတာ သိချင်ပါတယ်ရှင့်။
ဖြေ။ ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်တွေမှာ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနအနေနဲ့ ပြည်သူလူထုကို ပညာပေးသည့်နေရာမှ ဆောင်ရွက်ရပါတယ်၊ ရောဂါပိုးတွေ့ရှိသူများနဲ့ ထိတွေ့ခဲ့သူများကို နောက်ကြောင်းလိုက်ခြင်းကိစ္စရပ်တွေ၊ Quarantine Center များကို ကြီးကြပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရပါတယ်၊ သက်ဆိုင်ရာ နယ်မြေအလိုက် ကန့်သတ်စောင့်ကြည့်စစ်ဆေးမှုများ ပြုလုပ်ခြင်းများကို ပူးပေါင်းဆောင်ရွက်ရပါတယ်။ ဒါ့အပြင် အခြေခံလူတန်းစားတွေ၊ ထိခိုက်လွယ်တဲ့ အိမ်ထောင်စုများအပေါ် နိုင်ငံတော်ရဲ့ မူဝါဒနဲ့ အညီ ထောက်ပံ့ပေးတဲ့လုပ်ငန်းစဉ်များမှာ ပူးပေါင်းပါဝင်ဆောင်ရွက်ရပါတယ်။
မေး။ မဲရုံများမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းဦးရေ သိချင်ပါတယ်ရှင့်။
ဖြေ။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ အရာထမ်း အမှုထမ်းစာရင်း ၃၄၀၀၀ကျော်ရှိပါတယ်။ ရပ်/ကျေး စာရေး ၁၇၀၀၀ ကျော်ရှိပြီး ရပ်/ကျေးစာရေးတွေဟာ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲမှာ အတွင်းရေးမှူး အဖြစ် ပါဝင်ပါတယ်။ လုံခြုံရေးနဲ့ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များမှာ သက်ဆိုင်ရာ ခရိုင်/ မြို့နယ် အုပ်ချုပ်ရေးမှူးတွေက ဥက္ကဌအဖြစ် ပါဝင်ဆောင်ရွက်ရပါတယ်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ ဝန်ထမ်း ၃ ပုံ ၁ ပုံက အားလုံး ပူးပေါင်းဆောင်ရွက်ရပါတယ်။ မဲရုံမှာ အဓိက တာဝန်ထမ်းဆောင်သူဦးရေ ၂၈၀၀၀ ကျော်ရှိပြီး ကြီးကြပ်သူများအပါအဝင် ၃၀၀၀၀ ကျော် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပါတယ်။
မေး။ မဲရုံတွေမှာ တာဝန်ထမ်းဆောင်ဖို့ ဝန်ထမ်းတွေကို ဘယ်လိုရွေးချယ်ခဲ့သလဲဆိုတာ သိချင်ပါတယ်ရှင့်။
ဖြေ။ ပင်မလုပ်ငန်းတာဝန်တွေကို ဆောင်ရွက်နေတဲ့သူများက လွဲပြီး တာဝန်ထမ်းဆောင်လို့ ရသူမှန်သမျှ အားလုံး ပူးပေါင်း တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ရပ်/ကျေးစာရေးတွေကိုတော့ ကော်မရှင် အဖွဲ့ခွဲ အတွင်းရေးမှူးများအဖြစ် ခန့်အပ်ပြီးသားဖြစ်ပါတယ်။ မူလလုပ်ငန်းတာဝန်ကို မထိခိုက်စေမယ့် ဝန်ထမ်းများအားလုံး ပူးပေါင်းပါဝင်ထမ်းဆောင်ခဲ့တာပဲဖြစ်ပါတယ်။
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောတဲ့အတွက် ဝန်ထမ်းများအားလုံး ကိုယ်စား ဂုဏ်ယူမိပါတယ်၊ ဝန်ထမ်းများအနေနဲ့လည်း လုပ်ငန်းတာဝန်များ၊ ဆောင်ရွက်ချက်များကို နိုင်ငံ့တာဝန်တစ်ရပ်လို့ မှတ်ယူပြီး ဆောင်ရွက်ခဲ့ကြတာဖြစ်တာကြောင့် ယခုလို ပြည်ထောင်စုဝန်ကြီးကအသိအမှတ်ပြု ကျေးဇူးတင်စကား ပြောကြားခဲ့တဲ့အတွက် ဝန်ထမ်းတွေအားလုံးလည်း ဂုဏ်ယူပျော်ရွှင်နေကြမယ်လို့ ယုံကြည်မိပါတယ်။
Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close