အခြား/ဌာနဆိုင်ရာ

မှန်ကန်သော သတင်းအချက်အလက်များကို ပြည်သူများထံ စနစ်တကျ ထိရောက်စွာ ပေးပို့ ဆက်သွယ်နိုင်ရေး အထောက်အကူဖြစ်စေရန် မြို့နယ်အုပ်ချုပ်ရေးမှူးများအတွက် သတင်းမီဒီယာ ဆက်ဆံရေး သင်တန်းကို Video Conferencing စနစ်ဖြင့် ဖွင့်လှစ်ပို့ချ

“မှန်ကန်သော သတင်းအချက်အလက်များကို ပြည်သူများထံ စနစ်တကျ ထိရောက်စွာ ပေးပို့ ဆက်သွယ်နိုင်ရေး အထောက်အကူဖြစ်စေရန် မြို့နယ်အုပ်ချုပ်ရေးမှူးများအတွက် သတင်းမီဒီယာ ဆက်ဆံရေး သင်တန်းကို Video Conferencing စနစ်ဖြင့် ဖွင့်လှစ်ပို့ချ”

– အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးမူဘောင် (၂၀၁၉) ပါ လုပ်ငန်းစဉ်များကို COVID -19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များနှင့် လိုက်လျောညီထွေစွာ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ မှန်ကန်သော သတင်းအချက်အလက်များကို ပြည်သူများထံ စနစ်တကျ ထိရောက်စွာ ပေးပို့ဆက်သွယ်နိုင်ရေး အထောက်အကူဖြစ်စေရန် မြို့နယ်အုပ်ချုပ်ရေးမှူးများအတွက် သတင်းမီဒီယာ ဆက်ဆံရေး သင်တန်းကို Video Conferencing စနစ်ဖြင့် (၁၄-၉-၂၀၂၀) ရက်နေ့တွင် စတင်ဖွင့်လှစ်ပို့ချ ခဲ့ပါသည်။
– ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနအနေဖြင့် “ပြည်သူနှင့်အတူဟူသော ဆောင်ပုဒ်နှင့်အညီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကို စံနမူနာပြဆောင်ရွက်နိုင်ရန်” ရည်ရွယ်၍ အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးမူဘောင်(၂၀၁၉)ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ အထွေထွေအုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များအပါအဝင် ဌာန၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ၊ ပူးပေါင်းဆောင်ရွက် ရသည့် လုပ်ငန်းတာဝန်များ(ဥပမာ-COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးဆိုင်ရာ ကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ) ဆောင်ရွက်နေမှုအပေါ် ပြည်သူများ၊ မီဒီယာများနှင့် တွေ့ဆုံဆွေးနွေးရာတွင် ပြည်သူ့ဆက်ဆံရေးနှင့် မီဒီယာဆက်ဆံရေး အရည်အသွေးများ တိုးတက်လာစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။
– သတင်းမီဒီယာဆက်ဆံရေးသင်တန်းကို ဆွစ်ဖွံ့ဖြိုးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Swiss Agency for Development Cooperation-SDC)၏ ပူးပေါင်းကူညီမှုဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်သတင်းစာပညာကျောင်း (Yangon Journalism School-YJS) မှ သင်တန်းနည်းပြများမှ ပို့ချခဲ့ပါသည်။
— သင်တန်းသို့ သင်တန်းသား (၁၅)ဦး တက်ရောက်ခဲ့ကာ (၁၄-၉-၂၀၂၀) ရက်နေ့မှ (၁၆-၉-၂၀၂၀) ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပြီး သင်တန်းတွင် သတင်းထုတ်ပြန်ချက် ရေးသားခြင်း၊ သတင်းစာ ရှင်းလင်းပွဲငယ် ပြုလုပ်ခြင်း၊ မီဒီယာသမားများနှင့် တွေ့ဆုံဖြေကြားခြင်း၊ သတင်းတိုရေးသားခြင်းစသည့် ဘာသာရပ်များအပါအဝင် မီဒီယာဆက်ဆံရေးဆိုင်ရာ ဘာသာရပ်များအား ထည့်သွင်းပို့ချသွားမည် ဖြစ်ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close