ဗဟုသုတဆိုင်ရာအခြား/ဌာနဆိုင်ရာ

မြေယာခွန်စည်းကြပ်ခြင်းနှင့် ခိုင်ကြေး

မြန်မာနိုင်ငံတွင်မြေခွန်ကို ရှေးမြန်မာမင်းများလက်ထက်မှစ၍ ကောက်ခံလာခဲ့ရာ မျက်မှောက် ကာလအထိ ကောက်ခံနေဆဲဖြစ်သည်။ ရှေးဟောင်းလူ့အဖွဲ့အစည်းများတွင် မြေခွန်အနေဖြင့် စိုက်ပျိုးထွက်ရှိသည့် သီးနှံ၏အချိုးအစားတစ်ခုကို အုပ်ချုပ်သူများသို့ ပေးကြရသည်။ ယနေ့ မြေခွန်ကောက်ခံမှုစနစ်တွင်လည်း စိုက်ပျိုးထွက်ရှိလာသည့် သီးနှံတန်ဖိုးမှ စိုက်ပျိုးမှုအတွက် ကုန်ကျစရိတ်တို့ကို နုတ်ကာကျန်ရှိသည့် အသားတင်လက်ကျန်တန်ဖိုး သင့်တင့်သည့်အချိုး တစ်ခုကို မြေခွန်အဖြစ်သတ်မှတ်ထားခြင်းဖြစ်သည်။ မြန်မာ့လူ့အဖွဲ့အစည်းနှင့် တိုင်းသူပြည်သား များ၏ မိမိတို့ထွန်ယက်စိုက်ပျိုးသည့် အောင်မြင်ဖြစ်ထွန်းလာမည့် အနှံ၊ အသီး၊ အပွင့်၊ အခိုင်တို့မှ ဆယ်ဖို့တစ်ဖို့ကို ပေးရသည့်နည်းတူ အခြားသော လူ့အဖွဲ့အစည်းများတွင်လည်း အောင်မြင် ဖြစ်ထွန်း လာသော ကောက်ပဲသီးနှံ များ၏ တစ်စုံတစ်ခုသော အချိုးကို မြေခွန်အဖြစ် အုပ်ချုပ်သူ အရှင်ဘုရင်ထံ ဆက်သရကြောင်း တွေ့ရပါသည်။

Land Revenue and Cesses
Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close