အခြား/ဌာနဆိုင်ရာ

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လက်စွဲစာစောင် ဖြန့်ဝေရန် စီစဉ်ဆောင်ရွက်နေ

ပြည်သူနှင့်အတူ ဟူသော ဆောင်ပုဒ်နှင့်အညီ အုပ်ချုပ်ရေးပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် ပြည်သူနှင့်တိုက်ရိုက်ထိတွေ့၍ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရသော ပြည်သူ့ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါသည်။
– “ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေး” သည် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရား၏ အခြေခံ အကျဆုံးဖြစ်သောကြောင့် အုပ်ချုပ်ရေးအခြေခံအုတ်မြစ်ခိုင်ခံ့စေရန် အုပ်ချုပ်ရေးမှူးများ၏ ဆောင်ရွက်ချက်များသည် တည်ဆဲဥပဒေ၊နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်မှာ အရေးကြီးသောအချက်ဖြစ်ပါသည်။
– ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများသည် သက်ဆိုင်ရာနယ်မြေများမှ တည်ဆဲဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်ခံရသူများဖြစ်ပြီး ဥပဒေပါလုပ်ငန်းတာဝန်များကို ထမ်းဆောင် ရာတွင် ရည်ညွှန်းကိုးကားနိုင်ရန် ဤလက်စွဲစာစောင်ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနက ပြုစုထုတ်ဝေခြင်းဖြစ်ပါသည်။
– ဤလက်စွဲစာစောင်တွင် အခန်း ၁၀ ခန်း ပါဝင်ပြီး-
အုပ်ချုပ်ရေးနယ်မြေများဖွဲ့စည်းမှု၊ အုပ်ချုပ်ရေးသမိုင်း၊ အုပ်ချုပ်ရေးမှူးများ ရွေးချယ်/ ခန့်အပ်/တာဝန် ပေးအပ်ခြင်းဆိုင်ရာကိစ္စရပ်များ၊ ရုံးလုပ်ထုံးလုပ်နည်းများနှင့် ရပ်ကွက်တွင်းနေထိုင်သူများ လိုက်နာရမည့်အချက်များ၊ လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များ၊ အုပ်ချုပ်ရေး/ စီးပွားရေး/မြေယာ/လူမှုရေးဆိုင်ရာလုပ်ငန်းတာဝန်များနှင့်ဆက်စပ်သည့် ကိစ္စရပ်များပါဝင်ပါသည်။

မှန်ကန်စွာ ရည်ညွှန်းကိုးကားဆောင်ရွက်ခြင်းအားဖြင့် ရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စု အုပ်ချုပ်ရေး ပိုမိုထိရောက် အားကောင်းလာမည်ဖြစ်သည့်အပြင်မြို့နယ်/ ခရိုင်အုပ်ချုပ်ရေးလုပ်ငန်းများ၊ တိုင်း ဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များ ၏ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များအထိ များစွာအထောက်အကူ ပြုနိုင်မည်ဖြစ်ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close