သတင်းများပြည်ထောင်စုဝန်ကြီး

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာနိုင်ငံတကာအဆင့်မြင့်ညီလာခံသို့တက်ရောက်ရန် ဘယ်လာရုစ်နိုင်ငံသို့ထွက်ခွာ

ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး စယ်ရဂေးအာလယဲနိခ်၏ဖိတ်ကြားချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၆ ရက်မှ ၂၇ ရက်အထိ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့တွင်ကျင်းပမည့် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့်မြင့် ညီလာခံသို့တက်ရောက်ရန် ယနေ့ညနေပိုင်းတွင် မန္တလေးမြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ဖြင့် ထွက်ခွာသွားသည်။ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင်နှုတ်ဆက်ကြသည်။

Source: www.moi.gov.mm

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button