သတင်းများ

ထပ်တိုးထောက်ပံ့မည့် အိမ်ထောင်စုများအား ထောက်ပံ့မှုပြုရာတွင် ကြီးကြပ်ကွပ်ကဲပြီး အဖွဲ့စနစ်ဖြင့် စနစ်တကျ လက်ရောက်ပေးအပ်ရန် ဗဟိုကော်မတီကတစ်ဆင့် ညွှန်ကြားထား

ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေကို စတုတ္ထအကြိမ်ထောက်ပံ့ငွေ ပေးအပ်တဲ့အချိန်မှာ –
စာရင်းတွေမှာ မပါဝင်တာကြောင့်၊
COVID – 19 ဖြစ်ပွါးတဲ့ကာလရှည်ကြာလာပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ နည်းပါးသွား ရတာတွေကြောင့် –
စတဲ့ အကြောင်းတရားတွေ ပေါ်မူတည်ပြီး စားရေးသောက်ရေးအခက်အခဲ ကြုံတွေ့ လာလို့ ထောက်ပံ့ကြေးရယူလိုတဲ့ အိမ်ထောင်စုတွေက တင်ပြတိုင်ကြားတာတွေအပေါ် မှာ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ ဦးဆောင်မှုနဲ့ အဖွဲ့ငယ်တွေဖွဲ့ပြီး စိစစ်ခဲ့ကြတာကို တွေ့ရပါတယ်။
အချို့သော တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက အဖွဲ့ငယ်တွေထဲမှာ လွှတ်တော် ကိုယ်စားလှယ်တွေပါ တက်ကြွစွာပါဝင်ဆောင်ရွက်တာတွေ့ရှိရလို့ ကျေးဇူးတင်ရှိပါကြောင်းမှတ်တမ်းတင်ဖေါ်ပြလိုပါတယ်။
COVID-19 ကာလအတွင်းမှာ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP ) အရ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံ လူတန်းစား အိမ်ထောင်စုတွေကို စားသောက်ရေးအဆင်ပြေစေဖို့ ထောက်ပံ့မှု (၄)ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး နိုင်ငံတော် ဘဏ္ဍာငွေမှ ကျပ် ၅၆၈.၆၄ ဘီလီယံကို သုံးစွဲခဲ့ပါတယ်။
ယခုနောက်ဆုံးစိစစ်တွေ့ရှိချက်တွေအရ ထပ်တိုးအိမ်ထောင်စု ( ၂၀၁၁၀၉၅ ) စုအတွက် ငွေကျပ် ( ၅၆.၀၇၆၆) ဘီလီယံ ထပ်မံ ထောက်ပံ့ပေးဖို့ အမျိုးသားအဆင့်ဗဟိုကော်မတီက ခွင့်ပြုပေးလိုက်ပါပြီ။ မကြာခင်မှာ ထောက်ပံ့ငွေတွေ လက်ရောက်ပေးအပ်နိုင်တော့မှာဖြစ်ကြောင်း သတင်းစကားပါးလိုပါတယ်။
ထပ်တိုးထောက်ပံ့မယ့် အိမ်ထောင်စုတွေကို ထောက်ပံ့မှုပြုရာမှာ –
အငြင်းပွားဖွယ်ရာကိစ္စတွေ မဖြစ်ပွားစေဖို့၊
ပွင့်လင်းမြင်သာတဲ့ထောက်ပံ့မှုမျိုးဖြစ်စေဖို့၊
သက်ဆိုင်ရာ အိမ်ထောင်စုများ လက်ဝယ်သို့ ထောက်ပံ့ငွေတွေ မှန်မှန် ကန်ကန်ရောက်ရှိစေဖို့နဲ့
ကြီးကြပ်ကွပ်ကဲမှုအားနည်းတဲ့အတွက်ကြောင့် မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်ပေါ် စေဖို့တို့အတွက် နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်အစိုးရတွေအနေနဲ့ ထိရောက်စွာ ကြီးကြပ်ကွပ်ကဲပြီး အဖွဲ့စနစ်ဖြင့် စနစ်တကျ လက်ရောက်ပေးအပ်သွားဖို့အတွက်လည်း ဗဟိုကော်မတီကတစ်ဆင့် ညွှန်ကြားထားပြီးဖြစ်ကြောင်း တင်ပြအပ်ပါတယ်။
ပြည်သူတွေ COVID-19 ကပ်ရောဂါက ကင်းဝေးပြီး ဘဝအမောတွေပြေပျောက်ပါစေကြောင်း ဆုတောင်း မေတ္တာပို့သအပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။
Original Source: Union Minister’s facebook page(Min Thu)
Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close