Uncategorized

“အခြေခံလူတန်းစား အိမ်ထောင်စုများအား ငွေကြေးထောက်ပံ့ရေးနှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များ စနစ်တကျ ဆောင်ရွက်သွားရန်”

“အခြေခံလူတန်းစား အိမ်ထောင်စုများအား ငွေကြေးထောက်ပံ့ရေးနှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းစဉ်များ စနစ်တကျ ဆောင်ရွက်သွားရန်”

“အထွေထွေရွေးကောက်ပွဲကာလတွင် ပါဝင်ဆောင်ရွက်ရမည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းတာဝန်များကို တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားရန်”

၂၆.၆.၂၀၂၀ရက်နေ့ (၁၆၀၀) နာရီအချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် Video Conferencing ပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင်-
– အခြေခံစားကုန် (၅)မျိုးထောက်ပံ့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ကျန်ခဲ့သော အခြေခံ လူတန်းစားအိမ်ထောင်စုများအား ငွေသားထောက်ပံ့ရာတွင် အိမ်ထောင်စုများထံသို့ လက်ရောက်ပေးနိုင်ရေးနှင့် နိုင်ငံတော်ဘဏ္ဍာ လေလွင့်မှုမရှိစေရေး စနစ်တကျဆောင်ရွက်သွားရန်၊
– စားသောက်ဆိုင်များပြန်လည်ဖွင့်လှစ်ရာတွင် ကြပ်မတ်ခြင်း၊ သတ်မှတ်စည်းကမ်းများ မလိုက်နာပါက သတိပေးခြင်း၊ ဒဏ်ငွေချမှတ်ခြင်း၊ အရေးယူခြင်း၊ ပိတ်သိမ်းခြင်းစသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်းပြီး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်အပေါ် တိတိကျကျ အလေးထားဆောင်ရွက်သွားရန်၊
– အထွေထွေရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲအကြိုကာလ ကြိုတင်ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ COVID-19 ရောဂါ လုံခြုံစိတ်ချရသော မဲပေးခြင်းလုပ်ငန်းစဉ်များ စီစဉ်ဆောင်ရွက်ကြရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အကြံပြုချက်များ၊ တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရန်၊
– အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအနေဖြင့် COVID-19 ရောဂါကာလအတွင်း မိမိတို့ တာဝန်ယူ ဆောင်ရွက်နေရသည့် ပင်မလုပ်ငန်းတာဝန်များကိုလည်း ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်၊
– သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပြည်ထောင်စုအစိုးရအဖွဲ့အကြား ဆောင်ရွက်ရသည့်ကိစ္စရပ်များကို အဆင်ပြေချောမွေ့စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး ညှိနှိုင်းပေါင်းစပ်ပေးကြရန် မှာကြားပါသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးများက မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြခဲ့ကြပြီး တင်ပြလာမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးဆုံးဖြတ်ပေးခဲ့ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close