သတင်းများ

“အလုပ်လုပ်ရင်း ရောဂါကူးစက်မှု မဖြစ်စေရေး အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို အထူးလိုက်နာ ဂရုစိုက် ဆောင်ရွက်ပေးကြစေလို”

“အလုပ်လုပ်ရင်း ရောဂါကူးစက်မှု မဖြစ်စေရေး အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များကို အထူးလိုက်နာ ဂရုစိုက် ဆောင်ရွက်ပေးကြစေလို”

” နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောသလို ပဲ ပုံမှန်ဝင်ငွေ မရှိတဲ့ အခြေခံလူတန်းစား ပြည်သူတွေအတွက် ရိက္ခာဖြန့်ဖြူးရေး လုပ်ငန်းတွေကို မနေ့ကစတင် ဆောင်ရွက်တဲ့အခါ မှာ ပြည်သူ၊ အစိုးရ နဲ့ အုပ်ချုပ်ရေးပိုင်း၊ အားလုံးဝိုင်းဝန်းလုပ်ကိုင်ကြလို့ အားရစရာအလွန်ကောင်းပါတယ်။ ”

ဒါပေမယ့် COVID-19 ရောဂါ ကာကွယ်ရေး အတွက် ချမှတ်ထားတဲ့ စည်းမျဉ်းတွေ အတိုင်း မလိုက်နာတဲ့ ဖြစ်ရပ်လေးတွေကြောင့် ဝေဖန်စရာ ဖြစ်ရပါတယ်။
ဒီလိုထပ်မဖြစ်ရအောင် စီမံခန့်ခွဲသူများကို အထူးဂရုစိုက်စေလိုပါတယ်။ အားလုံးစည်းကမ်းလိုက်နာကြဖို့ အရေးကြီးပါတယ်။

အခြေခံလူတန်းစားပြည်သူများအတွက်ရိက္ခာဖြန့်ဖြူးနေကြရတဲ့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများအားလုံးရဲ့ ကျန်းမာရေးကိုလည်း အထူးဂရုပြုကြစေလိုပါတယ်။
#အလုပ်လုပ်ရင်းရောဂါကူးစက်မှုမဖြစ်စေရေးကအရေးကြီးပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားချက်များကို လိုက်နာကြပါ။ လူအင်အားများများမသုံးဘဲ အလုပ်ဖြစ်ရုံလူအင်အားနဲ့ ကာကွယ်မှုများကို လိုက်နာကြပါ။
အခုလိုအခြေအနေမှာ လုပ်ကိုင်ပေးနေတာကိုလည်း ကျေးဇူးများစွာ တင်ပါကြောင်း ပြောကြားလိုပါတယ်။

ဝန်ထမ်းများအားလုံး ကပ်ရောဂါကင်းရှင်းစေဖို့ ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်။
အခက်အခဲတွေ အများကြီးကြားထဲက ကြိုးစား လုပ်ဆောင်ပေး နေကြတဲ့ အထွေထွေအုပ်ချုပ်ရေးဝန်ထမ်းများ အားလုံးကို
ကျေးဇူးတင်လျက်

ဦးမင်းသူ

 

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close