Shown on Home Sliderငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များသတင်းများ

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံ

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှ ကိုယ်စားလှယ် များသည် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန၌ ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ရက် နံနက်ပိုင်းတွင် အလွတ်သဘော တွေ့ဆုံ ဆွေးနွေးကြသည်။

တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီအဖွဲ့ဝင်များ၊ NCA လက်မှတ်ရေးထိုး ထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စုစုပေါင်း (၉)ဖွဲ့မှ ဒုတိယဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ၊ ဗဟိုကော်မတီဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ထားမှုအခြေအနေ၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စု တည်ဆောက်ရေးကိစ္စများ၊ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကိစ္စများ၊ နှစ်ဖက်ဆက်လက် တွေ့ဆုံညှိနှိုင်းရေးကိစ္စများ၊ ဆက်လက်ဆောင်ရွက်မည့် ငြိမ်းချမ်းရေး လုပ်ငန်းကိစ္စများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသည့် တိုင်းရင်းသား လက်နက်ကိုင်ကိုယ်စားလှယ်များမှ တစ်ဖွဲ့ချင်းစီ၏ သဘောထားများကို အလွတ်သဘော ဆွေးနွေးပြောကြားခဲ့သည်။

မွန်းလွဲပိုင်းတွင် ညှိနှိုင်းရေးကော်မတီသည် တက်ရောက်လာကြသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးအား  သီးခြားစီတွေ့ဆုံကာ နယ်မြေတည်ငြိမ် အေးချမ်းရေးကိစ္စများ၊ ဒေသဖွံ့ဖြိုးရေး၊ ကျန်းမာရေးနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြ ပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော် ဖေဖော်ဝါရီ ၁၃

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button