
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေး
နေပြည်တော် ဩဂုတ် ၂၇
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့်နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် ညှိနှိုင်းရေးကော်မတီ ဝင်များ၊ နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများဒီမို ကရက်တစ် ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အလုပ်အဖွဲ့ကိုယ်စားလှယ်များ တက်ရောက် ကြသည်။
ဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်း ရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ် အဖွဲ့ခေါင်းဆောင် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းတို့က နှုတ်ခွန်းဆက် အမှာစကား ပြောကြားကြသည်။
ထို့နောက် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်) မှပြင်ဆင်လိုသည့်အချက်များနှင့်စပ် လျဉ်း၍ နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့မှ အဆိုပြုချက်များအပေါ် ညှိနှိုင်းရေး ကော်မတီမှ လေ့လာဆန်းစစ်တွေ့ရှိချက်များအား တစ်ချက်ချင်းစီ ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများက အဆိုပြုချက်များနှင့်စပ်လျဉ်း၍ ၎င်းတို့၏ သဘောထားအမြင်ကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြသည်။
ယင်းနောက် ညှိနှိုင်းရေးကော်မတီက ဂျာမနီနိုင်ငံ၏ဖက်ဒရယ်စနစ်ကျင့်သုံးနေမှု အပေါ် လေ့လာတွေ့ရှိချက်များကို ရှင်းလင်းဆွေးနွေးပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ပါ ဇယား-၁၊ ဇယား-၂ တို့မှ ဥပဒေပြဋ္ဌာန်းရန် ကျန်ရှိနေသည့် ဥပဒေပြုခွင့်ရစာရင်းများ နှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဆွေးနွေးချက်များအရ နှစ်ဖက်သဘောထားများကို သဘောထားစုစည်းချက် များအဖြစ်မှတ်တမ်းတင်ကြပြီး နိုင်ငံရေးပါတီများအစုအဖွဲ့၏အလုပ်အဖွဲ့ခေါင်းဆောင် ရှမ်း တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနှင့် အမျိုးသားစည်းလုံးညီ ညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် တို့က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြကြောင်း သိရသည်။
Source: www.moi.gov.mm