
နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် “ဝ”ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ဒုတိယဥက္ကဋ္ဌ၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) ဒုတိယ ဥက္ကဋ္ဌ(၂)တို့ ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ တတိယနေ့ တွေ့ဆုံဆွေးနွေး
နိုင်ငံတော်၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP) ဒုတိယဥက္ကဋ္ဌ၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ဒုတိယ ဥက္ကဋ္ဌ၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) ဒုတိယ ဥက္ကဋ္ဌ(၂) ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ တတိယနေ့ တွေ့ဆုံဆွေးနွေးပွဲကို ၂၉-၉-၂၀၂၂ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုဌာန၌ ကျင်းပသည်။
တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စု အစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ၊ ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့်၊ အဖွဲ့ဝင်များ ဖြစ်ကြသည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း၊ အမျိုးသား စည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင်၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ အဖွဲ့ဝင်များ ဖြစ်ကြသည့် ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်းနှင့် “ဝ”ပြည် သွေးစည်းညီညွတ်ရေး ပါတီ(UWSP) ဒုတိယဥက္ကဋ္ဌ ဦးလော့ယာကု၊ နိုင်ငံရေး ဌာနကြီးမှူး ဦးအိုက်နပ်လိုင်း၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ (NDAA) ဒုတိယ ဥက္ကဋ္ဌ ဦးစန်ပေ့၊ အထွေထွေ အတွင်းရေးမှူး ဦးကြည်မြင့်၊ ရှမ်းပြည်တိုးတက်ရေး ပါတီ(SSPP) ဒုတိယဥက္ကဋ္ဌ(၂) စဝ်ခွန်ဆိုင်၊ အတွင်း ရေးမှူး(၂) စဝ်စိုင်းဆုတို့ တက်ရောက်ကြသည်။
တတိယနေ့ ဆွေးနွေးပွဲတွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံများမှ ရရှိထားသော ပြည်ထောင်စု သဘောတူ စာချုပ်အစိတ်အပိုင်း (၁)၊(၂)နှင့် (၃) ပါ သဘောတူညီချက် များအား အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ညှိနှိုင်းရေး ကော်မတီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က အသေးစိတ် ရှင်းလင်းပြီး တက်ရောက် လာကြသူများမှ မိမိတို့၏ သဘောထားများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းကြပြီး တွေ့ဆုံဆွေးနွေးပွဲ တတိယနေ့ကို ရပ်နားခဲ့သည်။ စတုတ္ထနေ့ ဆွေးနွေးပွဲကို စက်တင်ဘာလ ၃၀ ရက်နေ့တွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။
source: www.myanmar.gov.mm