ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များသတင်းများ

အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

နေပြည်တော် ဇွန် ၈

အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၏အခန်းကဏ္ဍ (The Role of Gove-rnors in India’s Federalism) ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန၌ ကျင်းပသည်။

အလုပ်ရုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ကော်မတီဝင်များ၊ အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့် ဌာနဆိုင်ရာအရာထမ်းများ၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး H.E. Mr. Vinay Kumar နှင့်သံရုံးမှ တာဝန်ရှိသူများ၊ ဒေါက်တာ နော်ကပေါ်ထူး ဦးဆောင်သည့် NCA – S EAO (၇)ဖွဲ့(ALP ၊ DKBA ၊ KNU/KNLA-PC၊ LDU၊ NMSP၊ PNLO၊ RCSS) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

အလုပ်ရုံ ဆွေးနွေးပွဲတွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar နှင့် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၇) ဖွဲ့ကိုယ်စား KNU/KNLA-PC ဒုတိယဥက္ကဋ္ဌ ဒေါက်တာနော်ကပေါ်ထူး တို့က နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ယင်းနောက် အိန္ဒိယနိုင်ငံမှ ပညာရှင် Professor Sudarshan Ramaswamy က အိန္ဒိယနိုင်ငံ၏ ဖက်ဒရယ်စနစ်အတွင်းရှိ အုပ်ချုပ်ရေးမှူးများ၏ အခန်းကဏ္ဍကို ဦးဆောင်ဆွေးနွေး ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများက အိန္ဒိယနိုင်ငံ၏ အတွေ့အကြုံများ၊ Governor များ၏ အခန်းကဏ္ဍနှင့် တာဝန်များ၊ နိုင်ငံတကာအတွေ့အကြုံများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခြင်းနှင့် အပြန်အလှန် အမြင်ချင်းဖလှယ်မှုများ ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။

Source : www.moi.gov.mm

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button