သတင်းများ

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

မိုးရာသီ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လှုပ်ရှားမှုအဖြစ် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ၂-၇-၂၀၂၂ရက်နေ့၊ နံနက် ၇ နာရီခွဲတွင် နေပြည်တော်ရှိ အခွန်အယူခံခုံအဖွဲ့ရုံး ၌ ကျင်းပသည်။

သစ်ပင်စိုက်ပျိုးပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၁) ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန(၂) ပြည်ထောင်စုဝန်ကြီး ဦးချစ်နိုင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်၊ ကော်မတီဝင်များဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန် ၊ ဒုတိယဗိုလ်ချုပ်ကြီးအေးဝင်း၊ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အခွန်အယူခံခုံအဖွဲ့ဝင်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနမှ ဝန်ထမ်းများ တက်ရောက်ကြသည်။

အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် ပြည်ထောင်စုဝန်ကြီးများ၊ တက်ရောက်လာကြသည့် ဧည့်သည်တော်များနှင့် ဝန်ထမ်းများက နှစ်ရှည်ပင်၊ အရိပ်ရပင်၊ အလှပန်းပင်နှင့် ပျိုးပင် စုစုပေါင်း ၂၄၀ တို့ကို စိုက်ပျိုးပေးကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များက ဝန်ထမ်းများ သစ်ပင်စိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှု အားပေးကြသည်။

ထို့နောက် တက်ရောက်လာကြသည့် ဧည့်သည်တော်များကို အမှတ်တရလက်ဆောင်အဖြစ် Indoor Plant များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

source: www.moi.gov.mm

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button