အခွန်အယူခံဆိုင်ရာကိစ္စရပ်များသတင်းများ

(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အခွန်အယူခံခုံအဖွဲ့အဆောက်အဦသစ် ဖွင့်လှစ်

 

 

(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန အခွန်အယူခံခုံအဖွဲ့ အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ ရုံးအမှတ်(၅၇) ဥတ္တရသီရိမြို့နယ်၌ ဒီဇင်ဘာလ ၂၃ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပသည်။

အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးတင်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်များ၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး၊ ဒုတိယဝန်ကြီးများ၊ အခွန်အယူခံခုံရုံးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာနနှင့် အခွန်အယူခံခုံအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းနှင့် အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးတို့က အခွန်အယူခံခုံအဖွဲ့အဆောက်အဦသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အခွန်အယူခံခုံအဖွဲ့ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်းအားအမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ မှတ်တမ်းဓာတ်ပုံများကို ကြည့်ရှုကြသည်။

 

ယင်းနောက် အခွန်အယူခံခုံအဖွဲ့ အဆောက်အဦသစ်ဖွင့်ပွဲအခမ်းအနားကို စုပေါင်းခန်းမ၌ ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အခွန်အယူခံခုံအဖွဲ့ အဆောက်အဦသစ် ဖွင့်လှစ်ခြင်းနှင့်ပတ်သက်ပြီး အမှာစကားပြောကြားသည်။

ဆက်လက်၍ အခွန်အယူခံခုံအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦးက အခွန်အယူခံခုံအဖွဲ့ ပေါ်ပေါက်လာပုံနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး အခွန်အယူခံခုံအဖွဲ့ရုံးသစ်ဖွင့်လှစ်ခြင်း အထိမ်းအမှတ်လက်ဆောင်ပစ္စည်းများပေးအပ်၍ တက်ရောက်လာသူများနှင့် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button