Uncategorized

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ မဲရုံများသို့ သွားရောက်၍ ပထမအကြိမ် မဲစာရင်းကြေညာထားရှိမှုများကို တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေး

၁။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဇေယျာသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်၊ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ မဲရုံများသို့သွားရောက်၍ ပထမအကြိမ် မဲစာရင်းကြေညာထားရှိမှုများကို တာဝန်ရှိသူများနှင့်အတူ ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
၂။ ယင်းခရီးစဉ်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ နှင့် ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်း တို့လိုက်ပါခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက နေပြည်တော်၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများအား အကြောင်းအမျိုးမျိုးကြောင့်
မဲစာရင်း မှားယွင်း/ မပြည့်စုံသောကိစ္စရပ်များကို သတ်မှတ်ချိန်အတွင်း အချိန်မီပြီးစီးရေး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် မှာကြားခဲ့ပါသည်။
၁၄.၈.၂၀၂၀။ နေပြည်တော်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close