ဒုတိယအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာအဆင့်မြင့်ကိုယ်စားလှယ်များ ရုပ်သံဆွေးနွေးပွဲ Video Conferencing ဖြင့် ကျင်းပ
နေပြည်တော် ဩဂုတ် ၂၂
ဒုတိယအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်ကိုယ်စားလှယ်များ ရုပ်သံဆွေးနွေးပွဲ (2nd ASEAN – Russia Consultations of the High Representatives for Security Issues) ကို (၂၂-၈-၂၀၂၂)ရက်နေ့မွန်းလွဲပိုင်းက Video Conferencing စနစ်ဖြင့် ကျင်းပရာ ရုရှားနိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာန(၁) ဒုတိယအမြဲတမ်းအတွင်းဝန် ဦးထက်အောင် တက်ရောက်သည်။
ဆွေးနွေးပွဲတွင် အာဆီယံ-ရုရှား ဆွေးနွေးပွဲအတွက် ညှိနှိုင်းရေးတာဝန်ခံ ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ သုတေသနနှင့် ထောက်လှမ်းရေးဆိုင်ရာ အထွေထွေဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် H.E. Lieutenant General HUN Manith နှင့် ရုရှားနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး Mr. Nikolai Patrushev တို့က အဖွင့်အမှာစကားပြောကြားပြီး အာရှ-ပစိဖိတ်ဒေသအတွင်း နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာ အခြေအနေများနှင့် စပ်လျဉ်း၍ဆွေးနွေးပွဲ တက်ရောက်လာကြသည့် နိုင်ငံအသီးသီးမှ တစ်နိုင်ငံချင်းအလိုက် ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန(၁) ဒုတိယအမြဲတမ်း အတွင်းဝန် ဦးထက်အောင်က မဟာဗျူဟာမြောက် တည်ငြိမ်အေးချမ်းရေး အပါအဝင် အာရှ-ပစိဖိတ်ဒေသ လုံခြုံရေးအပေါ် သက်ရောက်မှုများ၊ ဒေသတွင်း အင်အားကြီး နိုင်ငံများအကြား တင်းမာမှုများ မြင့်တက်လာချိန်တွင် အာရှ-ပစိဖိတ်ဒေသ၏ နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာအခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ထို့နောက် ဆွေးနွေးပွဲအစီ အစဉ်အရ ရုရှားနိုင်ငံ လုံခြုံရေး ကောင်စီအတွင်းရေးမှူး Mr. Nikolai Patrushev နှင့် ညှိနှိုင်းရေးတာဝန်ခံ ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၊ သုတေသနနှင့် ထောက်လှမ်းရေးဆိုင်ရာ အထွေထွေဦးစီးဌာနမှ ညွှန်ကြား ရေးမှူးချုပ် H.E. Lieutenant General HUN Manith တို့က နိဂုံးချုပ် အမှာစကားပြောကြားကြောင်း သိရသည်။
Source: www.moi.gov.mm