Uncategorized

“ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ ဥက္ကဌများအား အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေး”

“ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းနှင့် ဒေသဦးစီးအဖွဲ့ ဥက္ကဌများအား အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ ရှင်းလင်းဆွေးနွေး”

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၀)ရက်နေ့တွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းနှင့် ဒေသဦးစီးအဖွဲ့ ဥက္ကဌများနှင့် တွေ့ဆုံကာ အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ယခုတွေ့ဆုံဆွေးနွေးပွဲတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများ ဖြစ် ကြသည့် နာဂ၊ ဓနု၊ ပအိုဝ်း၊ ပလောင်နှင့် ကိုးကန့်ဒေသတို့ရှိ အုပ်ချုပ်ရေးလုပ်ငန်းစဉ်များ ပိုမို ချောမွေ့အဆင်ပြေစေရေးအတွက် မြေယာ၊ ယစ်မျိုးစီမံခန့်ခွဲမှုများနှင့် ပတ်သက်၍ ကော်လိတ္တော် အရာရှိ၏ လုပ်ပိုင်ခွင့်များကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့များတွင် တာဝန်ထမ်းဆောင်နေမှု အခြေအနေများကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှလည်းကောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသများ၏ ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသား အခွင့်အရေးများ မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး လက်ရှိဆောင်ရွက်နေမှုအခြေအနေများကို အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာမှလည်းကောင်း ရှင်းလင်ဆွေးနွေးသွား ကြမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များသည် အနာဂတ် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံကို တည်ဆောက်ရာ၌ အခြေခံကျပြီး အရေးကြီးသော လုပ်ငန်းများဖြစ်ပြီး ပါဝင်ဆောင်ရွက်သူအားလုံး ကျေလည်စွာ သိရှိဆောင်ရွက်နိုင်ရေးသည် အရေးကြီးသည့် အချက်ဖြစ်ပါကြောင်း၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း/ ဒေသဦးစီးဥက္ကဌများအနေဖြင့်လည်း ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ပါကြောင်း နှင့် ဆွေးနွေးပွဲမှ ရရှိသည့် အချက်များကို အခြေခံပြီး ဒေသဖွံ့ဖြိုးရေးနှင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်ရန် မျှော်လင့်မိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ ဒေသဖွံ့ဖြိုးရေး၊ တိုင်းရင်းသား အခွင့်အရေးများ မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close