အခြား/ဌာနဆိုင်ရာ

“Stay at Home အတွင်းနှင့် Stay at Home ပြင်ပရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများကို နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့ခြင်းအား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိ”

“Stay at Home အတွင်းနှင့် Stay at Home ပြင်ပရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများကို နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့ခြင်းအား အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိ”
COVID-19 ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့ရာတွင် အိမ်ထောင်စုများထံ လက်ဝယ်အရောက် စနစ်တကျ ပေးအပ်နိုင်ရေးလုပ်ငန်းစဉ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် (၁၀.၁၁.၂၀၂၀) ရက်နေ့မှ စတင်ဆောင်ရွက်‌လျက်ရှိပါသည်။
ယခုအကြိမ် ထောက်ပံ့ခြင်းသည် နိုင်ငံတော်အစိုးရက စတုတ္ထအကြိမ်မြောက် ထောက်ပံ့ခြင်း ဖြစ်ပြီး Stay at Home ပြင်ပတွင် ရှိသော အိမ်ထောင်စု (၁)စုလျှင် (၂၀၀၀၀)ကျပ်နှုန်း၊ Stay at Home အတွင်းရှိသော အိမ်ထောင်စု (၁)စုလျှင် (၄၀၀၀၀)ကျပ်နှုန်းဖြင့် အိမ်ထောင်စုပေါင်း (၆.၁)သန်းခန့် အတွက် ကျပ်(၁၆၃.၉၀၅)ဘီလီယံကို နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးသွားမည်ဖြစ်ပါသည်။
နိုင်ငံတော်အစိုးရအနေဖြင့် COVID-19 ရောဂါ၏ ဆိုးကျိုးသက်ရောက်မှုများကို ဖြေလျှော့ နိုင်ရန် ထုတ်ပြန်ထားသည့် “အားလုံးတစ်ပေါင်းတည်းကျော်လွှားခြင်း- ကိုဗစ်၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေး စီမံချက်(COVID-19 Economic Relief Plan-CERP)” ပါ လုပ်ငန်းစဉ်များအရ အခြေခံ စားကုန် (၅)မျိုး ဖြန့်ဝေခြင်းကို အိမ်ထောင်စုပေါင်း (၄.၆) သန်းအတွက် ၂၀၂၀ ပြည့်နှစ်၊ ဧပြီလတွင် လည်းကောင်း၊ အခြေခံစားကုန် (၅)မျိုး ဖြန့်ဝေရာ၌ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သော အိမ်ထောင်စုများကို ငွေကျပ် (၁၅,၀၀ဝိ)နှုန်းဖြင့် ၂၀၂၀ပြည့်နှစ်၊ ဇွန်လတွင်လည်းကောင်း ထောက်ပံ့ ပေးနိုင်ခဲ့ပြီးဖြစ်ပါသည်။
ဆက်လက်၍ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများကို ငွေ (၂၀၀၀၀) ကျပ်စီ ထောက်ပံ့ခြင်းအား ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလအသီးသီး၌ စုစုပေါင်း(၃) ကြိမ် ဆောင်ရွက်ခဲ့ရာ နိုင်ငံတော်အစိုးရအနေဖြင့် အိမ်ထောင်စုပေါင်း(၅.၇)သန်းအတွက် ကျပ် (၄၀၄.၇၃၅) ဘီလီယံကို ထောက်ပံ့ပေးနိုင်ခဲ့ပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေ ဖြင့် နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစားအိမ်ထောင်စုများကို ထောက်ပံ့ချိန်တိုင်းတွင် အခြေခံ စားကုန်များနှင့် ထောက်ပံ့ငွေကြေးများကို သတ်မှတ်ရက်ကာလအတွင်း လက်ဝယ်အရောက် စနစ်တကျ ပေးအပ်နိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြပါသည်။
Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close