Uncategorized

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထွေထွေရွေးကောက်ပွဲတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ကျင်းပသော တတိယအကြိမ် မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြသခြင်းကို လှည့်လည်ကြည့်ရှု

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အထွေထွေရွေးကောက်ပွဲတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ကျင်းပသော တတိယအကြိမ် မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြသခြင်းကို လှည့်လည်ကြည့်ရှု

နေပြည်တော် အောက်တိုဘာ ၂၀

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အထွေထွေ ရွေးကောက်ပွဲတွင် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း လမ်းညွှန်များ နှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကျင်းပသည့် တတိယအကြိမ် မဲပေး သည့်အစီအစဉ် လက်တွေ့သရုပ်ပြသခြင်းကို ယနေ့နံနက်ပိုင်းတွင် လှည့်လည်ကြည့်ရှု သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက် ၁၀ နာရီ တွင် ဥတ္တရသီရိမြို့နယ်ရှိ ချင်းရွာ အခြေခံပညာမူလတန်းကျောင်းသို့ ရောက်ရှိရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသူ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ဦးညွန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေနှင့် ဦးဆွေတင့်လွင်၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် တာဝန်ရှိသူများက ကြိုဆို နှုတ်ဆက်ကြသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ဝင်များ ဥတ္တရသီရိ မြို့နယ်ရှိ ချင်းရွာ အခြေခံပညာ မူလတန်းကျောင်းသို့ ရောက်ရှိစဉ် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်ဦးက နေပြည်တော် ဥတ္တရသီရိ မြို့နယ်ရှိ ချင်းရွာ အခြေခံပညာမူလတန်းကျောင်း၌ တတိယအကြိမ်လက်တွေ့သရုပ်ပြသမှု အဖြစ် ထပ်မံဆောင်ရွက်မည့် အစီအစဉ်၊ ယခုမဲရုံ၌ ဆန္ဒမဲလာရောက်ပေးကြမည့် မဲဆန္ဒရှင်အင်အား၊ မဲရုံအတွင်းဘက်ပိုင်းတွင် အဖွဲ့ဝင် ၁၃ ဦး၊ မဲရုံအပြင်ဘက်ပိုင်းတွင် အဖွဲ့ဝင် ၅ ဦးထားရှိပြီး တာဝန်ပေးဆောင်ရွက်သွားမည့် အခြေအနေ၊ ပထမအကြိမ်နှင့် ဒုတိယအကြိမ် မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြသခြင်းမှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ လမ်းညွှန်မှု များနှင့်အညီ မဲရုံအပြင်၊ မဲရုံအတွင်း လုပ်ငန်းစဉ်များကို မဲဆန္ဒရှင်များ စိတ်ပိုင်းနှင့် ရုပ်ပိုင်း ဆိုင်ရာ လုံခြုံ၍ အချိန်ကြန့်ကြာမှုမရှိစေဘဲ ရွေးကောက်ပွဲ ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ နှင့်အညီ ဆောင်ရွက်သွားမည့် အခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ မဲရုံအဖွဲ့ဝင် များနှင့် မဲဆန္ဒရှင်ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူ ပစ္စည်းများ ထောက်ပံ့ဖြန့်ဝေပေးသွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် အဖွဲ့ဝင်များနှင့်အတူ ဥတ္တရသီရိ မြို့နယ် ချင်းရွာ အခြေခံပညာမူလတန်းကျောင်းရှိ ဥတ္တရသီရိမြို့နယ် ဥတ္တရ သီရိရပ်ကွက် မဲရုံအမှတ်(၁)၌ တတိယအကြိမ် လက်တွေ့သရုပ်ပြမဲပေးရန် တန်းစီ စောင့်ဆိုင်းနေသူ များအား မဲရုံပြင်ပကြီးကြပ်ရေး တာဝန်ထမ်းဆောင်သူများက N95 နှာခေါင်းစည်းထုတ် ပေးခြင်းဆောင်ရွက်နေမှု၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ အယ်လ်ကိုဟော ၈၅ ရာခိုင်နှုန်း ပါဝင်သည့် လက်သန့်ဆေးရည်ဖြင့် လက်များသန့်စင်ပေးခြင်းနှင့် COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ သတ်မှတ်ချိန်အတွင်း အောင်မြင်စွာ မဲပေးနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် တာဝန်ရှိသူများက မဲစာရင်းစစ်ဆေးခြင်း၊ မဲလက်မှတ်ထုတ်ပေးခြင်း၊ အယ်လ်ကိုဟော ၈၅ ရာခိုင်နှုန်းပါဝင် သည့် လက်သန့်ဆေးရည်ဖြင့် လက်များသန့်စင်ပေးခြင်းနှင့် ဆန္ဒမဲပေးပြီးကြောင်း လက်သန်းမင် တို့ခြင်း လုပ်ငန်းများအား ကူညီဆောင်ရွက်ပေးနေမှုတို့ကို လှည့်လည် ကြည့်ရှုသည်။
ထိုသို့ လှည့်လည်ကြည့်ရှုပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က မဲဆန္ဒရှင်ပြည်သူများ စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ လုံခြုံ၍ အချိန်ကြန့်ကြာမှုမရှိစေဘဲ COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းလမ်းညွှန်များနှင့်အညီ သတ်မှတ်ချိန် အတွင်း စနစ်တကျဖြင့် အောင်မြင်စွာမဲပေးနိုင်ရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်း ဘေးကင်းလုံခြုံစွာ ဆန္ဒမဲပေးရေးဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်များကို မဲရုံအတွင်း မြင်သာသည့်နေရာများတွင် ထားရှိသွားရေးနှင့် လိုအပ်သည်များကို မှာကြားသည်။

ယနေ့ မဲပေးသည့်အစီအစဉ် လက်တွေ့သရုပ်ပြမှု ဆောင်ရွက်ခဲ့သည့် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရသီရိမြို့နယ် ချင်းရွာ အခြေခံပညာမူလ တန်းကျောင်းရှိ ဥတ္တရ သီရိမြို့နယ် ဥတ္တရသီရိရပ်ကွက် မဲရုံအမှတ်(၁)တွင် မဲပေးခွင့်ရှိသူ ၁၅၂၆ ဦးရှိကြောင်း။
လက်ရှိစာရင်းများအရ နေပြည်တော်ပြည်ထောင်စုနယ်မြေ ဇမ္ဗူသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၈၉၈၁၆ ဦး၊ ဒက္ခိဏသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၈၁၆၇ ဦး၊ ပျဉ်းမနား မြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၃၄၆၀၃ ဦး၊ လယ်ဝေးမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၂၁၈၆၇၁ ဦး၊ ဇေယျာသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၈၁၇၅၀ ဦး၊ တပ်ကုန်းမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၁၇၈၈၄၄ ဦး၊ ပုဗ္ဗသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၉၄၁၁၆ ဦး၊ ဥတ္တရသီရိမြို့နယ်တွင် မဲပေးခွင့်ရှိသူ ၅၂၄၆၉ ဦးရှိကြောင်းသိရသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close