ရပ်/ ကျေး အုပ်ချုပ်ရေးဆိုင်ရာ အချက်အလက်များအခြား/ဌာနဆိုင်ရာ

“မြို့နယ်အုပ်ချုပ်ရေးမှူး အားလုံးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာသင်တန်း (TOT) ဖွင့်လှစ်ပို့ချ”

“မြို့နယ်အုပ်ချုပ်ရေးမှူး အားလုံးအတွက် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာ သင်တန်း (TOT) ဖွင့်လှစ်ပို့ချ”
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်မှုဆိုင်ရာသင်တန်း (TOT) ကို ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့တွင် Video Conferencing စနစ်ဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး များအားလုံးအတွက် စတင်ဖွင့်လှစ် ပို့ချခဲ့ပါသည်။
ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို ရွေးချယ်ရာတွင် ကြီးကြပ်ဆောင်ရွက် ရမည့် မြို့နယ်အုပ်ချုပ်ရေးမှူးများအနေဖြင့် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို ကျွမ်းကျင်စွာ အသုံးချနိုင်စေရန်နှင့် ဥပဒေ၊ နည်းဥပဒေများကို အဓိပ္ပါယ်ကောက်ယူရာ၌ ဥပဒေ၏ အနှစ်သာရကို ထိခိုက်မှုမရှိစေဘဲ လက်တွေ့မြေပြင်၌ မျှတစွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ပို့ချခြင်း ဖြစ်ပြီး သင်တန်း(၁)ကြိမ်လျှင် သင်တန်းသား မြို့နယ်အုပ်ချုပ်ရေးမှူး(၃၀)ဦးနှုန်းဖြင့် သင်တန်း (၁၁)ကြိမ်ကို (၁၂.၁.၂၀၂၁) ရက်နေ့မှ (၂၀.၁.၂၀၂၁) ရက်နေ့အထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ပါသည်။
” opens the neighborhood or village group administrative selection class (TOT) for all town administrative officials ”
On January 12, 12, the neighborhood or village administrative election class was opened for all town administrators with video conferencing system on January 12, 2021
The law is in order to be able to use the neighborhood or village administrators to choose the neighborhood or village group administrators, and to define laws and laws related to choosing the neighborhood or village administrators, and define laws. It has been opened to perform fairly in reality without harming the essence, and 11 classes will be opened from 12.1.2021 to 20.1.2021 (20.1.2021) times at the rate of 30 students (1) times.
Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close