Uncategorized

“အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့မှုများဆောင်ရွက်ရာတွင် ထိရောက်မှုရှိစေရေး အိမ်ထောင်စု စာရင်းများအား စနစ်တကျ စာရင်းကောက်ယူဆောင်ရွက်သွားရန်”

“အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့မှုများဆောင်ရွက်ရာတွင် ထိရောက်မှုရှိစေရေး အိမ်ထောင်စု စာရင်းများအား စနစ်တကျ စာရင်းကောက်ယူဆောင်ရွက်သွားရန်”
“အခြေခံပညာကျောင်းများ ဖွင့်လှစ်နိုင်ရေး လုပ်ငန်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာပညာရေးဝန်ကြီးဌာနနှင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးရန်”
“ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအတွက် Quarantine Centre များ စနစ်တကျဆောင်ရွက်နိုင်ရေး စီစဉ်ထားရှိရန်”
၂၅.၅.၂၀၂၀ရက်နေ့ (၁၄၀၀) နာရီအချိန်တွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးများနှင့် Video Conferencing ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးများက မိမိတို့တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဆောင်ရွက်ထားရှိမှုအခြေအနေများကို တင်ပြခဲ့ကြပြီး တင်ပြလာမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးဆုံးဖြတ်ပေးခဲ့ပါသည်။
ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများဆောင်ရွက်ရာတွင် တိုင်းဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူးများအနေဖြင့် ဝန်ကြီးချုပ်များ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် လုပ်ငန်းများကို အပြည့်အဝ အထောက်အကူပြုနိုင်ရေးကို အဓိကထား ကြိုးပမ်းဆောင်ရွက်စေလိုကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ အနေဖြင့် ပင်ပန်းမှုကို ပဓာနမထားဘဲ ကြိုးပမ်းဆောင်ရွက်နေကြသည်ကို အသိအမှတ်ပြုဂုဏ်ယူပါကြောင်း၊ ထောက်ပံ့ပေးရာတွင် နိုင်ငံတော်ဘဏ္ဍာ လေလွင့်မှု မရှိစေရေးအတွက် စာရင်းဇယားများ မှန်ကန်တိကျမှုရှိစေရန် လိုအပ်ပါကြောင်း၊ အခြေခံပညာကျောင်းများ ဖွင့်လှစ်ရာတွင် အဆင်ပြေချောမွေ့စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား လက်ခံ၍ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်များသို့ ပို့ဆောင်ရာတွင် လုပ်ငန်း ပိုင်းဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများ မဖြစ်စေရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ်များအကြား ညှိနှိုင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ ကိုယ်ချင်းစာတရား၊ ကျန်းမာရေးအသိ၊ သတိများနှင့် ပူးပေါင်းဆောင်ရွက်ကြရန် လိုကြောင်းတို့ကို မှာကြားခဲ့ပါသည်။

Show More

Related Articles

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်

Back to top button
Close
Close